0




“စောစောကသာ ပြန်ပေးလိုက်ရင်

ခင်ဗျားအိတ်လည်း မပြဲဘူး

ခုတော့ ကျုပ်လက်တောင် တော်တော်နာသွားတယ်”



ဗိုလ်ချုပ်အောင်ဆန်း

(ဆာစတက်ဖို့ဒ်ကရစ်ပ် သို့ခြေပ ပြောကြားချက်)



ဖေဖေရေ

ဖေဖေ့ကို ခုချိန်မှာ ကွန်မ သိပ်သတိရတယ်။



ဒါပေမယ့်

ကျွန်မ ကောင်းကင်ဟာ

မုန်တိုင်းတွေရဲ့ကြားမှာ ပြာနေ လဲ့နေဆဲ။

ကျွန်မ မြေပြင်ဟာ

မီးတောက် မီးခက်တွေရဲ့ကြားမှာ စိမ်းနေ လန်းနေဆဲ။

ကျွန်မ ရေပြင်ဟာ

ချော်ရည်ပူ ချော်ရည်ခဲတွေကြားမှာ ကြည်နေ လင်းနေဆဲ။

ကျွန်မသမာဓိဟာ

သံဆူးကြိုးတန်းပေါ် မမောတမ်းရပ်နေတဲ့

ချိုးငှက်ကလေးတစ်ကောင်လို တည်ငြိမ်တိတ်ဆိတ် အသံတွေထွက်နေဆဲ။



ဖေဖေရေ

ကျွန်မ ခြေဖ၀ါးကစီးကျနေတဲ့သွေးစက်တွေ

စစ်ခမောက်တွေပေါ်တစိမ့်စိမ့် တလိမ့်လိမ့် စီးနေ ကျနေခဲ့ရင် ဖေဖေခွင့်လွှတ်ပါ

ကျွန်မ သံဆူးကြိုးပေါ်ရပ်ရတာ ကြာလှပြီ။



ကျွန်မ မသိတဲ့ ကျွန်မတစ်ယောက်ဟာ ကျွန်မ ခန္ဓာကိုယ်ထဲကရုန်းထွက်

သူ့ အတောင်ပံတွေနဲ့ ကြယ်တွေကိုရိုက်ရိုက်ချနေတာ ကျွန်မ မသိ ။



ဖေဖေရေ

ဝံပုလွေမျက်လုံးတွေလို

အမှောင်ထဲမှာသာ သတ္တိရှိတဲ့ကြယ်တွေ

ဒီအတွက် ဖေဖေသာဆို ဘယ်လို တုန့်ပြန်လိုက်လေမလဲ

ပြောပါဦး

နောက်ထပ်လည်ချောင်းထဲက တာတမံလို ကျွန်မ စကားလုံးတွေ ထပ်ပြီးကျိုးကျမလာခင်

ဖေဖေပြောပါဦး။ ။



ခရမ်းပြာထက်လူ

၁၉ ၊ မေ ၊ ၂၀၁၄

ACM Credit To: ခရမ်းပြာ ထက်လူ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top