Published on: May 4, 2014
Written by: သတင်းအယ်ဒီတာအဖွဲ့
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က မြန်မာသတင်းစာဆရာများ သတင်းမီဒီယာကျင့်ဝတ် အတည်ပြုထုတ်ပြန်ခြင်းအခမ်းအနားန
ထိုအခမ်းအနားသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာအသီးသီးမှ သတင်းစာဆရာ ၂၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအား မြန်မာသတင်းမီဒီယာကျင့်ဝတ်၊ ကိုယ်တိုင်ထိန်းကျောင်းဆောင်ရွက
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ခဲ့သော သတင်းမီဒီယာကျင့်ဝတ်များတွင် တစ်သီးပုဂ္ဂလများ၏ အခြေခံရပိုင်ခွင့်များနှင့် ကောင်စီ၏အခန်းကဏ္ဍ၊ မီဒီယာဌာနများ၏ တာဝန်ဝတ္တရားများနှင့် မီဒီယာအစီအစဉ်များဆိုင်ရာ ကျင့်ဝတ်များ အစရှိသဖြင့် ၂၈ ချက် ပါဝင်သည်။
မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က အဆိုပါကျင့်ဝတ်များ ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာမီဒီယာပံ့ပို့ရေးအဖွဲ
စီမံကိန်းလုပ်ငန်းစဉ်များအရ ထုတ်ပြန်ထားသော သတင်းမီဒီယာကျင့်ဝတ်(မူကြမ်း)ကိ
ဆက်လက်၍ စာနယ်ဇင်းကောင်စီမှ ထုတ်ပြန်ခဲ့သည့် သတင်းမီဒီယာကျင့်ဝတ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင်
ဒေါက်တာ ခင်မောင်ညို၏ မေးမြန်းချက်ကို စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်
ထို့နောက် စာရေးဆရာမကြီး ရွှေကူမေနှင်းက လွှတ်တော်တွင် သတင်းမီဒီယာဥပဒေ သုံး၊ လေးမျိုးဖြစ်နေသည်ကို တစ်ခုတည်းဖြစ်အောင် မည်သို့လုပ်ကြမည်နည်းဟု စာဖြင့်မေးမြန်းခဲ့ရာ စာနယ်ဇင်းကောင်စီက ရေးဆွဲသည့် ဥပဒေမှလွဲ၍ ကျန်သည့် ဥပဒေများကို စာနယ်ဇင်းကောင်စီအနေဖြင့် မလိုလားသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ ရေးဆွဲပြီးတင်ခြင်းဖြစ်ကြောင်း၊
အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ခဲ့သည့် သတင်းမီဒီယာကျင့်ဝတ်များနှင့် ပတ်သက်၍ တုံ့ပြန်ဝေဖန်မှုများပြုလုပ်ရာတွ
ကရင်ပြည်နယ်မှ သတင်းထောက် ကိုဇော်ရဲထက်က စာနယ်ဇင်းသမားများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် အရေးယူခံရနိုင်သည့် ဥပဒေသုံးခုရှိနေပြီး ထိုဥပဒေများဖြင့် ဆုံးဖြတ်ပြီး ပုဂ္ဂိုလ်တစ်ဦးဦးမှ ကျေနပ်မှုမရှိပါက အသရေဖျက်မှုဥပဒေကဲ့သို့သော ပုဒ်မ ၅၀၀ ဖြင့် အရေးယူခံရနိုင်သည့်အပြင် ဒဏ်ငွေသာမက ထောင်ဒဏ်ပါ ချမှတ်ခံရနိုင်သည့် အခြေအနေရှိနေသည်ဟု ဆိုသည်။
“မီဒီယာသမားက မီဒီယာနဲ့ပတ်သက်လာရင် အမှုကိစ္စတွေမှာ စာနယ်ဇင်းကောင်စီ ရဲ့ ပြစ်မှုပြစ်ဒဏ်သည်သာ အကျုံးဝင်သည်ဆိုတဲ့အချက်ကို ပယ်ဖျက်ထားတာ တွေ့ရပါ တယ်။ ဘာလို့ပယ်ဖျက်ထားတာပါလဲ။ စာနယ်ဇင်းကောင်စီဟာ အစိုးရရဲ့ပြယုဂ်၊ ပြယုဂ် ဖြစ်တယ်ထားပါ။ ကျွန်တော်တို့ သတင်းသမားတွေနဲ့ စာနယ်ဇင်းကောင်စီနဲ့ကြားမှာ စာနယ်ဇင်းကောင်စီက ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်တယ်ပဲထားပါ။ ကျွန်တော်ကတော့ အဲဒီလိုပဲထင်ပါတယ်”ဟု ကိုဇော်ရဲထက်က ဝေဖန်ခဲ့သည်။
မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌဒေါက်တာသက်လွင်ကလည်း စာနယ်ဇင်းကောင်စီကို မြန်မာနိုင်ငံဆေးကောင်စီနှင့် နှိုင်းယှဉ်တင်ပြသွားပြီး စာနယ်ဇင်းကောင်စီအနေဖြင့် မည်မျှလုပ်ပိုင်ခွင့် ရှိလာမည်ဆိုသည့်အချက်နှင့် အကယ်၍ စာနယ်ဇင်းကောင်စီသည် သတင်းမီဒီယာများအား အကာအကွယ်ပေးရေးအတွက် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဥပဒေဖြင့် တရားစွဲဆိုခြင်းခံနေရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျော်လင်း တက်ရောက်ခဲ့ပြီး ၎င်းကစာနယ်ဇင်းကောင်စီအနေဖြင့် ယူနတီဂျာနယ်ဖြစ်စဉ်အပါအ၀င် သတင်းမီဒီယာများ၏ အမှုအခင်းများကို အကာအကွယ်ပေးသည့် အနေအထားနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့သည်။
“အခု ယူနတီသတင်းထောက်တွေနဲ့ အမှုဆောင်အရာရှိချုပ်ကို စွဲဆိုတင်ပို့တဲ့အမှုဟာဆိုရင် ဘယ်လိုမှ ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေကြီးပါ။ ပထမကမ္ဘာစစ်အပြီးက ဥပဒေကြီးပါ။ သတင်းထောက်တွေကို တရားစွဲဖို့အတွက် လုံးဝအသုံးမပြုသင့်တဲ့ ဥပဒေပါ။ အဲဒါနဲ့ပတ်သက်လို့ စာနယ်ဇင်းကောင်စီ (ယာယီ)က ဘယ်လိုအကာအကွယ်ပေးမှုတွေ ပြုလုပ်ခဲ့ပါသလဲ”ဟု ဦးကျော်လင်းက မေးခွန်းထုတ်ခဲ့သည်။
အဆိုပါပြောဆိုချက်နှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြန်လည်ဖြေကြားခဲ့ရာတွင် ယူနတီသတင်းဂျာနယ်နှင့်ပတ်သက်၍ လွှတ်တော်၊ သမ္မတရုံးနှင့်ကာကွယ်ရေးဝန်ကြီးဌ
အခမ်းအနားအစီအစဉ်အရ မြန်မာသတင်းလောကတွင် ကိုယ်တိုင်ထိန်းကျောင်း ဆောင်ရွက်ခြင်းအခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(
ထိုသို့ ပြောကြားရာတွင် မိမိအနေဖြင့် လက်ခုပ်သံရနိုင်မည့် စကားများသာပြောမည်မဟုတ်ကြောင်းန
ယင်းနောက် မြန်မာနိုင်ငံ၏ အပြောင်းအလဲသည် နှစ်ပေါင်း ၅၀ ကြာ အုပ်ချုပ်ခဲ့သည့်သူက အပြောင်းအလဲပြုလုပ်လာသည့်အတွက် ပြောင်းလဲလာခြင်းသာ ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အကြောက်တရားဖြင့် နေထိုင်ခဲ့ရသည့်နိုင်ငံအတွက် သုံးနှစ်တာအချိန်အတွင်း အများကြီးမျှော်လင့်ထား၍ မဖြစ်နိုင်ကြောင်းနှင့် မီဒီယာများအနေဖြင့်လည်း ကိုယ်တိုင်ထိန်းကျောင်းဆောင်ရွက
ထို့အပြင် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့်အတူ ကျင့်ဝတ်များအကြောင်းကိုလည်း ပြောဆိုရမည်ဖြစ်ဟု ၎င်းကဆိုသည်။ သတင်းထောက်များအနေဖြင့် မိမိကိုယ် ကိုယ် ထိန်းကျောင်းဆောင်ရွက်ရမည့် အပိုင်းတွင် ၀တ်စားဆင်ယင်မှုများဖြင့်လည်း ချိန်ထိုးပြောဆိုခဲ့သည်။ ဥပမာအနေဖြင့် ပွဲတစ်ပွဲကိုသွားသည်နှင့် သတင်းထောက်ဖြစ်သည့် အတွက် ထိုပွဲတွင် တက်ရောက်လာသူများကို သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့် လွတ်ကင်းစရာမရှိဘဲ အများနည်းတူ ၀တ်စားဆင်ယင်မှု ရှိရမည်ဖြစ်ကြောင်း၊ သတင်းထောက်တစ်ဦးကိုမြင်သည်နှင်
ဆက်လက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်လိုက်သည့် သတင်းမီဒီယာကျင့်ဝတ်များနှင့် ပတ်သက်၍ ၎င်းကပြောကြားရာတွင် ယခုထုတ်ပြန်လိုက်သည့် ကျင့်ဝတ်များမှာ မလိုက်နာမနေရ၊ အတင်းအကျပ်လိုက်နာရမည့်အရာများ မဟုတ်ကြောင်း၊ မလိုက်နာ၍လည်း ဘာမျှလုပ်၍ မရကြောင်း၊ လိုက်နာသည် မလိုက်နာသည်ဆိုသည်မှာ ကိုယ့်သဘောနှင့် ကိုယ်သာဖြစ်ကြောင်းတို့ကိုလည်း ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃-၁၄ ကာလများအတွင်း သတင်းထောက်များအပေါ် ဖိနှိပ်မှုများ၊ ဖမ်းဆီးအရေးယူမှုများ၊ ထောင်ဒဏ်ချမှတ်ခြင်းများရှိခြဲ့
အထူးသဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်က သမ္မတ၏ လယ်တောအိမ်၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ ပြီး အလှူငွေကျပ်သိန်း ၅၀၀ လက်ခံပြီး နောက်ပိုင်း စာနယ်ဇင်းကောင်စီ(ယာယီ)အပေါ် စာနယ်ဇင်းသမားများ၏ ယုံကြည်မှုကျဆင်းခဲ့ပြီး ပြည်သူလူထုထောက်ခံမှုလည်း ကျဆင်းခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(
ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး ဝေဖန်ခံနေရသည့် နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ
လက်ရှိအချိန်တွင် သတင်းမီဒီယာဥပဒေသစ်ကို ပြဋ္ဌာန်းထားပြီးဖြစ်ကာ ထိုဥပဒေအရ ပေါ်ထွက်လာမည့် နည်းဥပဒေများဖြင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(
Aye Chan Mon# Credit To :Eleven Media Group
https://www.facebook.com/
Post a Comment