0

ယုဝေ| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် 



ချင်းအမျိုးသားညီလာခံက အသိမှတ်ပြုထားသည့် ချင်းစာပေငါးမျိုးကို ချင်းပြည်နယ်ရှိ စာသင်ကျောင်းများတွင် တရားဝင်သင်ကြားခွင့်ရရှိရန် စာတမ်းတစ်စောင် လွှတ်တော်တွင်အတည်ပြုနိုင်ရန်အတွက် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်အမတ်များကို မေ ၂၅ ရက်တွင် စာတမ်းကို ပေးအပ်မည်ဟု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဦးရိုးဆန်းက ပြောသည်။



လက်ရှိအချိန်တွင်အစိုးရမှ စာသင်ကျောင်းများတွင် တရားဝင်သင်ကြားခွင့်ပေးထားသော စာပေသုံးမျိုးမှာ တီးတိန်၊ ဖလမ်း၊ ဟာခါး ချင်းစာပေများဖြစ်သည်။



“ချင်းမှာက စာပေအများကြီး ရှိပါတယ်။ ခုက သူ့စာအမှန်၊ ငါ့စာအမှန်နဲ့ အချင်းချင်း သွေးကွဲသလိုဖြစ်လာကြလို့ ဒီစာတမ်းကို ပြုစုပြီး အစိုးရကိုတင်ဖို့လုပ်ရတာပါ ” ဟု ဦးရိုးဆန်းက ဆက်လက်ပြောကြားသည်။



လက်ရှိအချိန်တွင် ချင်းပြည်နယ်၌ ချင်းစာပေသုံးမျိုးထဲမှ ဒေသအလိုက် မူတည်ပြီး ကြိုက်နှစ်သက်တဲ့စာပေ တစ်မျိုးကို သင်ကြားခွင့်ရှိသည်။ အခြားချင်းစာပေနှင့် သင်ကြားလိုသော ချင်းတိုင်းရင်းသားရှိသည့်အတွက် ချင်းလူမျိုးအများစု လက်ခံနိုင်သည့် စာပေငါးမျိုးကို အစိုးရထံ တရားဝင် သတ်မှတ်ပေးရန်အတွက် စာတမ်းတင်ခြင်းဖြစ်သည်။



အစိုးရထံသို့တင်မည့် စာတမ်းတွင် ချင်းညီလာခံမှ အသိအမှတ်ပြုထားသည့် တီးတိန်၊ ဇိုမီး၊ ဖလမ်း၊ ဟားခါး၊ ချိုးချင်း စာပေငါးမျိုးကို အသိအမှတ်ပြုပေးပြီး ယင်း စာပေငါးမျိုးအနက် ဒေသအလိုက် မူတည်ပြီး အနည်းဆုံး သုံးမျိုးကို သင်ကြားပေးရမည်ဖြစ်သည်။ အဆိုပါ ဘာသာသုံးမျိုး အဓိက သင်ကြားမည့် ဘာသာနှင့် အရန်သင်ကြားရမည့်ဘာသာအဖြစ် သတ်မှတ်ကာ သင်စေရန် အကြံပြုခြင်းဖြစ်သည်။



စာတမ်းကိုတင်ရာတွင် ချင်းတိုင်းရင်းသားအမတ်များမှတစ်ဆင့် အစိုးရထံသို့ တင်သွားမည်ဖြစ်သည်။ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဦးဆောင်၍ အချိန်သုံးနှစ်ခန့်ယူရာ စာတမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ စာတမ်းကို နိုင်ငံတကာတွင် ကျင့်သုံးအောင်မြင်နေသည့် မိခင်ဘာသာစကား အခြေပြု အများသင်ကြားရေးနည်းစနစ်ကို အခြေခံရေးဆွဲထားသည်ဟု စင်တာက သိရသည်။



စာတမ်းအမည်မှာ “Mother tongue based Multilongual Education Modeling for Ethnic language in Myanmar with reference to Chin-Community” ဖြစ်သည်။



တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ၂၀၁၂ ခုနှစ် နှစ်ကုန်တွင် တိုင်းရင်းသားလူငယ်ပညာရှင်များ စုစည်းကာ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ရန်နှင့် သုတေသနများပြုလုပ်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top