0

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သပြေရေကျေးရွာက လယ်မြေ ဧက ၁ဝဝ ကျော်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ မာဘယ်ကျောက် ကုမ္ပဏီက တပ်ပိုင်မြေဆိုပြီး ပိုင်နက် သတ်မှတ်ဖို့ တားဆီးနေတာကြောင့် အဲဒီလယ်မြေတွေမှာ ထွန်ယက်စိုက် ပျိုး နေတဲ့ လယ်သမားတွေနဲ့ ဒီနေ့ တင်းမာမှုတွေ ဖြစ်နေပါတယ်။

အဲ့ဒီ လယ်မြေဧက ၁ဝဝ ကျော်လောက်ကို ၁၉၉၃ ခုနှစ်က ခမရ ၃၃ က သိမ်းယူခဲ့ပြီး သီးစားချထားတဲ့ လယ်မြေတွေဖြစ်တယ်လို့ တောင်သူတွေ က ပြောပါတယ်။ တောင်သူတွေ အုပ်စုလိုက် ဒီနေ့ ဝင်ရောက်ထွန်ယက်တာ ဟာ ခြံစည်းရိုးခတ်တာကို ကန့်ကွက်တဲ့အနေနဲ့ ထွန်တုံးတိုက်ပွဲဆင်နွှဲ တာ ဖြစ်တယ်လို့ သပြေရေကျေးရွာက တောင်သူ ဦးအေးလွင် က ပြောပါတယ်။

"သူတို့ကဒါ တပ်ပိုင်မြေပေါ့လေနော၊မင်းအောင်လှိုင် ရဲ့အမိန့်နဲ့ ဒါတွေ လုပ်တယ်သဘောနဲ့ အလံနီတွေစိုက် ထုံးဖြူတွေတားပေါ့လေ၊အရာခံ ဗိုလ်တစ်ယောက်နဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ ကျောက်ပြားဗိုလ်လေး တစ်ယောက်နဲ့ လာပြီးတော့သူတို့က ဇွတ်တရွတ်လုပ်တော့တာပဲ၊ အဲ့မှာကျနော်နဲ့ အချေအတင်စကားများပြီးတော့ ကျနော်တို့ကမခံနိုင်လို့ဒီလို ထွန်တုံးတိုက်ပွဲသဘောမျိုးပေါ့ ကျနော်တို့က လုပ်လိုက်ရတော့တယ်"

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မာဘယ်ကျောက်ကုမ္ပဏီနဲ့ သပြေရေကျေးရွာ တောင်သူတွေအကြား ပိုင်ဆိုင်မှုအငြင်း ပွားနေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဌာနဆိုင်ရာကိုတင်ပြခဲ့ပေ မဲ့ ဖြေရှင်းပေးတာမရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။

လယ်ဧက ၁ဝဝ ကျော်မှာ ဆက်လက်စည်းတားနေမယ်ဆိုရင် တောင် သူတွေက မန္တလေးမြို့မှာ ရှိတဲ့ မာဘယ်ကျောက်စက်ရုံ ရုံးရှေ့မှာ ဆန္ဒပြသွားမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

Aye Chan Mon# Credit To :RFA Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top