0


၁။ လေးသင်္ချေ ကမ္ဘာတစ်သိန်းအထက်က
ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်မှ
ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ခံယူတော်မူခဲ့သည့်နေ့သည် ကဆုန်လပြည့် ။

၂။ ရောက်ရှိနေဆဲ ခရစ်နှစ် ၂၀၁၄ ခုမှ
နောက်ပြန်ဆုတ်သော်..နှစ်ပေါင်း ၂၆၃၈ ခုနှစ်က
ဂေါတမ ဗုဒ္ဓ အဖြစ်ပွင့်တော်မူမည့်
ဘုရားလောင်း သိဒ္ဓတ္ထ ကို မွေးဖွားတော်မူခဲ့သည်မှာလည်း
ကဆုန်လပြည့်နေ့ ။

၃။ နှစ်ပေါင်း ၂၆၀၃ ခုနှစ်က ဘုရားအဖြစ်သို့
ရောက်ရှိတော် မူခဲ့သည်မှာလည်း
ကဆုန်လပြည့် ။

၎။ နှစ်ပေါင်း ၂၆၀၂ ခုနှစ်က
မဟာဗုဒ္ဓဝင် ( Biography of Buddha ) ကို ကိုယ်တော်တိုင် ဟောပြခဲ့သည်မှာလည်း
ကဆုန်လပြည့်နေ့ ။

၅။ နှစ်ပေါင်း ၂၅၅၈ ခုနှစ်က
ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်မှာလည်း
ကဆုန်လပြည့်နေ့ပင် ဖြစ်ပါသည်။ (Ref;ယောနွယ်)

ဗုဒ္ဓဘာသာဝင်တို့ ၏ နေ့ ထူးနေ့ မြတ်ဖြစ်သော
ကဆုန်လပြည့်၊ ဥပုသ်နေ့ မှာ
ဥပုသ်သီလ ဆောက်တည်နိုင်ကြပါစေ...။
ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြပါစေ...။
အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ...။

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Aye Chan Mon# Credit To :အနှိုင်းမဲ့ စာတိုပေစများ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
21

Post a Comment

 
Top