0


နွေရာသီပူပြင်းမှုကို (အေးမြချို မြိန်တဲ့ အရသာနဲ့) လျော့ပါးစေတဲ့ အသီးကတော့ ဖရဲသီးပဲဖြစ်ပါတယ်။ ဖရဲသီးမှာ အပူဒဏ်ကိုလျော့ပါးစေရုံ သာမက သွေးဖိအားကိုပါလျော့ကျစေတဲ့ အာနိသင်ရှိနေတဲ့ အကြောင်းကိုတော့ Florida State University့ က သုတေသီတွေက လေ့လာသုတေ သန ပြုနိုင်ခဲ့ပါတယ်။
ဖရဲသီးမှာပါဝင်တဲ့ အာနိသင်တွေဟာ သွေးလွှတ်ကြောမကြီးနဲ့ နှလုံးအပေါ် သက်ရောက်နေတဲ့ ဖိအားတွေ ကို လျော့ကျစေနိုင်တယ်လို့ Florida State University့ မှ တွဲ ဖက်ပါမောက္ခ Arturo Figueroa က ရှင်းပြခဲ့ပါတယ်။ Arturo ရဲ့ ၁၂ ပတ်ကြာ သုတေသနမှာ သက်လတ်ပိုင်း အ၀လွန်နေတဲ့ အမျိုးသား၊ အမျိုးသမီး ၁၃ ဦးပူးပေါင်းပါဝင်ခဲ့ပြီး ၎င်းတို့အားလုံးဟာ သွေးတိုးရောဂါရှိသူများဖြစ်ပါတယ်။ ပါဝင်သူတွေကို အုပ်စုနှစ်ခုခွဲခဲ့ပြီး တစ်စုကို အာနိသင်မဲ့ဆေးဝါး (placebo) တိုက်ကျွေး ခဲ့ပြီးတစ်စုကို ဖရဲသီးရဲ့ ပါဝင်ပစ္စည်း တွေဖြစ်တဲ့ L- citruline နှင့် L-arginine့ တွေကို စားသုံးစေခဲ့ပါတယ်။
သုတေသနကာလ အဆုံးမှာတော့ ရလဒ်များကို နှိုင်းယှဉ်ခဲ့ပါတယ်။ ဖရဲသီးရဲ့ပါဝင်ပစ္စည်းတွေကို မှီဝဲထားတဲ့အုပ်စုမှာ သွေးလွတ်ကြော နဲ့ အခြားသွေးကြောငယ်တွေက ဖိအားတွေကျဆင်းတာကို တွေ့ရှိရပေမယ့် ကျန်အုပ်စုမှာတော့ သိသိသာသာပြောင်းလဲမှုတွေ မတွေ့ရှိခဲ့ရပါဘူး။ ““နွေရာသီမှာပေါပေါများများရရှိပြီး အပူဒဏ်ကို သက်သာစေတဲ့ ဖရဲသီးဟာ ချိုမြတဲ့ အရသာရှိတဲ့ အပြင် သွေးတိုးကျဆင်းတယ်ဆိုတာ ကို မိမိတို့ဖော်ထုတ်နိုင်ခဲ့တယ်”” လို့ Arturo Figueroa့ က ပြောကြားထားပါတယ်။
ဒီသုတေသနကို American Journal of Hypertension မှာ ဖော်ပြထားပါတယ်။
ငြိမ်အေး
ref: PTI

Aye Chan Mon# Credit To : Health Updates Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top