0



၂၀၁၃ ခုနှစ်အတွင်း Miss Universe အလှမယ် ပြိုင်ပွဲ အပါအ၀င် ပြိုင်ပွဲ ၆ ခု ကျင်းပခဲ့ပြီး၊ ပါဝင်ယှဉ်ပြိုင်သူ အလှမယ် ၅၈၅ ဦးမှ အလှဆုံး ၁၀၀ ရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါ ပါဝင်ကြောင်း ဂျာမနီ အခြေစိုက် The Ideal Beauty ၀က်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ ယင်း အလှမယ် ၁၀၀ ထဲမှ ၁ ဦးရွေးချယ်ပြီး စိန်ဖြင့်ပြုလုပ်ထားသည့် ဆုတံဆိပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အတွက် တရုတ်နိုင်ငံမှ Zhang Zilin က ပထမ ရရှိခဲ့သည်။ The Ideal Beauty ကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် တရားဝင် အဖွဲ့အစည်း ဖြစ်လာကြောင်း သိရသည်။

အေးချမ်းမွန် Credit To >ဧရာဝတီ < Thankhttps://www.facebook.com/excellencemedia
15

Post a Comment

 
Top