0


အကိုဖြစ်သူ၏ဈေးဆိုင်ကို ညီဖြစ်သူမှ မီးရှိုးရန် ကြံစည်ခဲ့သည့်
ဖြစ်စဉ်တစ်ခု တန်ဆောင်မုန်းလပြည့်နေ့က ပြင်ဦးလွင်မြို့နယ် ၊
ပေပင်ကျေးရွာတွင်ဖြစ်ပွားခဲ့သည်ဟု ဆိုင်ရှင်ထံမှသိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်
ပေပင်ကျေးရွာအုပ်စု ၂၁မိုင်အနီးရှိ တန်ဆောင်မုန်းလပြည့် ကျော်တစ်ရက်နေ့
နံနက် ၁နာရီ ၂၅မိနစ်အချိန်က ညီဖြစ်သူနဲ့ တရားရင်ဆိုင် နေသူ၏ ဆိုင်ကို
အကိုဖြစ်သူက မကြေနပ်သဖြင့် မီးရှို့ရန်ကြံစီခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တန်ဆောင်မုန်းလပြည့်နေ့ညက အိမ်ကခွေးတွေ အရမ်းဟောင်နေတာနဲ့
ထကြည့်လိုက်တယ်။ ကျွန်တော့် ဆိုင်နားမှာ လူရိပ်တွေ့တာ
ဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့ ကျွန်တော်တို့နဲ့အမှုဖြစ်နေတဲ့ ဆယ်အိမ်မှူး
ကိုအေးမြင့်ရဲ့အကို သန်းဌေးကိုတွေ့တယ်၊ ပြီးတော့သူက ကျွန်တော့်ကို
စိန်ခေါ်တာနဲ့ ပြင်စာရဲစခန်းကိုဖုန်းဆက်ပြီး လှမ်းခေါ်လိုက်တယ်။
နောက်သူထွက်ပြေးသွားတာနဲ့ ဆိုင်ကိုလိုက်စစ်တော့ ဓါတ်ဆီတွေပတ်ထားတယ် နောက်
ဓါတ်ဆီဗူးတွေချထားတယ် မီးရှို့ဖို့လုပ်ထားတာကိုတွေ့ရပါတယ်”ဟု
လမင်းဆိုင်ကယ် ၀ပ်ရှော့ပိုင်ရှင် ကိုမျိုးတင့်က ပြောသည်။
ယင်း အမှုနှင့် ပါတ်သက်ပြီး ပြင်စာရဲစခန်းမှနေ၍ ကြံစည်သူကို
ပိုင်နက်ကျူးလွန်မှု၊ မီးရှို့ရန်ကြံစီမှု (ပ)၁၅၆၊ ၄၄၇၊ ၄၃၆ ၊ ၅၁၁ တို့နဲ့
အမှုဖွင့်အရေးယူထားတယ်သည်ဟုလည်း ၄င်း၏ ပြောပြချက်အရ သိရသည်။
၂၀၁၂ခုနှစ် ၆လပိုင်း ၁ရက်နေ့က လက်ရှိဆယ်အိမ်မှူး
ကိုအေးမြင့်တို့ ရေရရှိရေးအတွက် မိုင်းခွဲရာမှ လမင်းဆိုင်ကယ်
ဝပ်ရှော့ပိုင်ရှင်
ကိုမျိုးတင့်တို့နေအိမ်အက်ကြာင်းများဖြစ်ပေါ်ခဲ့သည့်အတွက် အိမ်ပိုင်ရှင်က
တရားဆွဲဆိုထားသဖြင့် ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရသည်ဟုလည်း သိရသည်။

(ဇော်ဇော်)

အေးချမ်းမွန် Credit To >မန္တလေးခေတ် < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top