0

ACM Re-Post 26-5-2014

ရန်ကုန်၊ မေ ၂၅- နိုင်ငံတကာ ကျောင်းများ၏ အခန်းကဏ္ဍကို ပညာ ရေး ဝန်ကြီးဌာနမှ အလေးထားဆောင် ရွက်ခြင်းမရှိဟု ယင်းကျောင်းများ မှ ဝေဖန်ပြောကြား လိုက်သည်။ နိုင်ငံတကာကျောင်းများကို ပညာ ရေးဝန်ကြီး ဌာနမှ အသိ အမှတ်ပြုခြင်း မခံခဲ့ရသည်မှာ နှစ်၃ဝခန့်ရှိနေပြီဖြစ် ပြီး အမျိုးသား ပညာရေး ဥပဒေတွင် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာစေရန် ၂၀၁၄ခုနှစ် တွင် ပြုလုပ်သော ပညာ ရေးဆွေးနွေးပွဲများတွင် ပညာရေး ဝန်ကြီးဌာနမှ ယင်းကျောင်း များအား ခေါ် ယူညှိနှိုင်းမှုများ ပြုလုပ် ခဲ့သော် လည်း အပေါ်ယံ သဘောသာဖြစ်နေ ကြောင်း သိရသည်။

''ပြောရရင် နှစ်ပိုင်းရှိတယ်။ တစ် ပိုင်းက ဆွေးနွေးပွဲတွေမှာ ဝန်ကြီးဌာန ကို ပုဂ္ဂလိကဘက်က တင်ပြတာတွေ က အရမ်းအား နည်း တယ်။ အ ကြောင်းအရာ တစ်ခုကို ဆွေးနွေးရင် မညီညွတ်ကြဘူး။ ဝန်ကြီးဌာနဘက် ကလဲ ပုဂ္ဂလိကနဲ့ ပတ်သက် တဲ့ ဆွေး နွေး ပွဲတွေကို အချိန်ပေးပြီး မဆွေး နွေးဘူး။ ဥပဒေ တစ်ခု နှစ်ပေါင်း များ စွာကောင်းဖို့အတွက် ပုဂ္ဂလိကဘက် ကလဲ ညီညီညွတ် ညွတ် တင်ပြနိုင်ပြီး ဝန်ကြီးဌာနဘက်ကလဲ တင်ပြလာ တာတွေကို အချိန်ပေးပြီး ဆွေးနွေး ပေးသင့် တယ်လို့ထင်တယ်''ဟု ဗစ် တိုးရီးယားယူ နီဗာစီ တီကောလိပ်မှ နာယက ဒေါက်တာနေဝင်းနိုင်က ပြောသည်။

အဆိုပါဝေဖန်မှုများအပေါ်တွင် အဆင့်မြင့် ပညာဦးစီးဌာန (အောက် မြန်မာပြည်) မှ ညွှန်ကြားရေးမှူးတစ်ဦး က ပုဂ္ဂလိကကဏ္ဍ အတွက် တစ်လ တစ်ကြိမ်ခန့် အစည်းအဝေးများ ပြု လုပ်ပေးကာ တက္ကသိုလ်ဥပဒေတွင် ထည့်သွင်းရေး ဆွဲရ မည့် အချက်အ လက်များ ကို တင်ပြခွင့်ပြုထားပြီး ဒုတိယဝန်ကြီးကိုယ်တိုင် ဦးစီးဆောင် ရွက်ပေးနေကြောင်း ပြောသည်။

''တက္ကသိုလ်ဥပဒေမှာ သူတို့ အခန်းကဏ္ဍအတွက် ဘယ်လိုလုပ် ချင်သလဲ၊ ဘာတွေလိုသလဲဆိုတာတွေ ကို ဆွေးနွေးပေးနေတာ ငါးကြိမ် လောက်ရှိပြီ။ ပုဂ္ဂလိကအဖွဲ့အတွက် လဲ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးထား သေးတယ်။ သူတို့အနေနဲ့ လိုအပ် တာ တွေ ပြောပြ နိုင်ဖို့ ပူးပေါင်းပါဝင်ဖို့လို တယ်''ဟု ယင်းညွှန်ကြားရေးမှူးက ဆိုသည်။

လက်ရှိတွင် ပုဂ္ဂလိကတွင် ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သင်တန်း ကျောင်း များသည် ကုမ္ပဏီမှတ်ပုံတင် ပြီး ဆောင်ရွက်နေရ သည့် အတွက် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ယင်း တို့အတွက် အကာအကွယ်ပေးရေး၊ အကူအညီပေးရေး ပညာရေးဆွေး နွေး ပွဲများ တွင် သီးခြားကဏ္ဍတစ်ခု အနေဖြင့် ဆွေးနွေးထားကြောင်း သိရ သည်။

''ဆွေးနွေးပွဲတွေလုပ်ရင် ဒုဝန် ကြီးက လာတော့လာတယ်။ ဒါပေမဲ့ တစ်နာ ရီလောက် ပဲ အချိန်ရမယ်လို့ ပြောတဲ့အခါကျတော့ ကျွန်တော်တို့ ကဏ္ဍက တင်ပြ စရာတွေက အများ ကြီး၊ ခေါ်ထားတဲ့ကျောင်းတွေကလဲ အများကြီး တစ်ယောက် နှစ် မိနစ် လောက် ပဲ ပြောလို့ရမှာ။ ဒီနှစ်မိနစ်နဲ့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ ကို ဘယ်လိုပြောရမလဲ။ ဒါကြောင့် ဝန်ကြီး ဌာနက ပုဂ္ဂလိက တက္ကသိုလ်တွေအ ပေါ်မှာ အလေးထားမှုမရှိတာတွေ က ပေါ်လွင် ပါတယ်''ဟု နိုင်ငံတကာ တက္ကသိုလ်တစ်ခုမှ ကျောင်း အုပ်ချုပ် သူက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကနိုင်ငံ တကာ တက္ကသိုလ် ၊ စင်တာများမှာ ရန်ကုန်တွင် တစ်ရာခန့်ရှိကြောင်း သိ ရသည်။

ATK

[--Democracy today Daily Newspaper--]

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top