0

ACM Re-Post 26-5-2014

ရန်ကုန်၊ မေ ၂၅- လွှတ်တော်အ တွင်း၂၀၀၈အခြေခံဥပဒေနှင့်ပတ် သက်ပြီး ဆွေးနွေးသည့်အခါတွင် ပြည်သူလူထု ၏ဆန္ဒကိုဆန့်ကျင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ကန့်ကွက် ငြင်းဆန်သည့် လွှတ်တော်ကိုယ်စား လှယ်များကို ပြည်သူလူ ထုအနေဖြင့် ဖြုတ်ချသင့်ကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင်သူက လူထုကို ထုတ်ဖော်ပြောကြား လိုက် ကြောင်း သိရသည်။

ဒေါပုံမြို့နယ် အားကစားကွင်း ၌ မေ၂၅ရက်ကပြုလုပ်သော ရန်ကုန် တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့် ဟောပြောပွဲတွင် တက်ရောက်လာသော လူထုအား ဟောပြော ခဲ့ခြင်းဖြစ်သည်။

''ဒီနေရာမှာ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက် ပြီး လွှတ်တော်ထဲမှာ မကြာခင်ဆွေး နွေးတော့မယ်။ အဲဒီအခါမှာလူထုက ဘယ်လွှတ်တော်ကိုယ်စားလှယ်က အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ ဘယ်လောက်ထိ တင်ပြဆွေးနွေး တယ်၊ ကြိုးစားနေတယ်ဆိုတာ နားစွင့်နေဖို့ လိုတယ်၊ စောင့်ကြည့်ဖို့လိုတယ်။အဲ ဒီလိုပြည်သူ့ဆန္ဒနဲ့ဆန့် ကျင်ပြီး ပြင် ဆင်ဖို့ကို ကန့်ကွက်ငြင်းဆန်တဲ့ ကိုယ် စားလှယ်ကို နောင်တစ်ချိန်ရွေးကောက် ပွဲမှာ အဲဒီပုဂ္ဂိုလ်ကို ဖြုတ်ချပိုင်ခွင့် ပြည်သူလူထုမှာ တာဝန်ရှိတယ်''ဟု ဖျာပုံနှင့် ဒေးဒရဲမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးအောင်သူက ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကိုဒီ ငြိမ်းလင်းမှ ဒီမိုကရက်တစ်တက်ကြွ လှုပ်ရှားသူများကွန်ရက်၏သဘော ထား ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး Generation Wave မှ ကိုမိုးသွေး၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန် ဂျာ၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌ ဆရာသစ္စာနီ၊ ရန်ကုန် နိုင်ငံ ရေး သိပ္ပံကျောင်းမှ ဦးမြတ်သူ၊ ၈၈မျိုး ဆက်(ငြိမ်း/ပွင့်)မှ ဦးဌေးကြွယ်၊ ရန် ကုန် အရှေ့ပိုင်းခရိုင်မှ ဦးကြည်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊ တေးသံရှင် အနဂ္ဂတို့မှ ဟောပြောခဲ့ကြသည်။

ဒီမိုကရက်တစ် တက်ကြွလှုပ်ရှား သူများကွန်ရက်၏ သဘောထား ထုတ်ပြန်ချက် တွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ အတူယှဉ်တွဲ နေထိုင် သည့် အတွက် ငြိမ်းချမ်းစွာအ တူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် တန်းတူညီမျှမှုနှင့် တိုင်းရင်းသားလူ မျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာ မခံပေးမည့် ဖက်ဒရယ်ပြည်ထောင် စုစနစ်သာ မှန်ကန်သောဖြေရှင်းချက် ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးကို အမှန်တကယ် လိုလားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အစစ်အမှန်ဖော်ဆောင်နေ သည်ဟု ကြွေးကြော်လိုပါက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ့ဆန္ဒကို ထင်ဟပ်စေ မည့်ပြင်ဆင်ချက်များဖြင့် ပြင်ဆင်ရန်လိုအပ်ကြောင်း တိုက် တွန်းတောင်းဆိုထားသည်။

Generation Wave ကိုမိုးသွေး က ''ကျွန်တော်တို့ဟာ အခုချိန်မှာ လူမှန်နေရာမှန်မဟုတ်ပါဘူး။ မအုပ် ချုပ်သင့်တဲ့သူက အုပ်ချုပ်နေပြီး အုပ် ချုပ်မခံသင့်တဲ့သူက အုပ်ချုပ်ခံနေရ ပါတယ်။ တပ်မတော်အနေနဲ့ ကိုယ့် နေရာကိုနေမယ်ဆိုရင် ကျွန်တော်တို့ ကလဲ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ မှာပါ''ဟု လူထုအားပြောကြားခဲ့သည်။

တေးသံရှင်အနဂ္ဂကလည်း တက် ရောက်လာသော ပြည်သူများအား ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ် သက်၍ ဆန္ဒပြုလက်မှတ်ရေး ထိုးရန် တောင်းဆိုခဲ့ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် တပ်မတော်အတွက် သာ သီးသန့်ရေး ဆွဲထားသော ဖွဲ့ စည်းပုံဟု ပြည်သူများအားပြောဆိုခဲ့ သည်။

တရားဝင်ခွင့်ပြုချက်ဖြင့် ပြု လုပ်သော ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ် ဖော်ပွဲနှင့် ဟောပြောပွဲတွင် လူဦးရေ မှာ ဘောလုံးကွင်းထက်ဝက်ခန့်တက် ရောက်ခဲ့ကြပြီး တက်ရောက် လာသူ များက ပုဒ်မ ၄၃၆ပြင်ဆင်ပေးရန်ကြွေး ကြော် တောင်း ဆိုခဲ့ကြကြောင်း သိ ရသည်။

SYMZ [--Democracy today Daily Newspaper--]

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top