0

သီဟနိုင် ACM Re-Post 26-5-2014 

ရေခဲရေကန်တွေကို လေ့လာပြီး ထုတ်လုပ်လိုက်တဲ့ ရေခဲသေတ္တာသစ် ‘Sure Chill’ ဟာ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသက ကလေးတွေ အသက်ရှင်ဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ၃၅ရက်တာအေးထားနိုင်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေကို ကလေးတွေအတွက် Unicef ကနေ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တဲ့အတွက် ၂၀၁၁ခုနှဏ်မှာ ကလေး ၂ ကနေ ၃ သန်းအရေအတွက်ဟာ အသက်ဆက်ရှင်နိုင်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ကာကွယ်ဆေး မရလို့ သေဆုံးသွားခဲ့တဲ့ ကလေးအရေအတွက် ၁ ဒဿမ ၅ သန်း ရှိခဲ့ပါတယ်။

ကမ္ဘာအနှံ့က ကလေးအရေအတွက် ခန့်မှန်းခြေ ၂၀ရာခိုင်နှုန်းဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါဘူး။ ထောက်ပံ့ကူညီရေးအေဂျင်စီတွေအတွက် အကြီးမားဆုံးပြဿနာကတော့ ကာကွယ်ဆေးတွေကို အရောက်မပို့နိုင်ကြတာပါ။ အာဖရိကနဲ့ အရှေ့တောင်အာရှက ဆင်းရဲသားမိသားစု အများစုဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပါတယ်။ ရှိရင်းစွဲထက် အသက်တွေပိုကယ်ဆယ်နိုင်ဖို့ဆိုရင် ဆေးတွေကို ပို့ပေးတဲ့နေရာမှာ အဆင့်ပိုမြင့်တဲ့ ရွှေ့ပြောင်းမှုစနစ်၊ သိုလှောင်မှုစနစ်တွေ လိုပါတယ်။ အဓိကပြဿနာကတော့ အဲ့ဒီ့ဒေသတွေဆီကို ပို့တဲ့အခါ ကာကွယ်ဆေးတွေကို လျှပ်စစ်မီးမရှိဘဲ အေးနေအောင် မထိန်းသိမ်းထားနိုင်တာပါပဲ။

ဗြိတိန်၊ ဝေလက ကုမ္ပဏီအသေးလေးတစ်ခုကလာတဲ့ နည်းပညာဟာ ရူပဗေဒ အခြေခံနိယာမတွေကို အခြေခံထားတာပါ။ အဲ့ဒီ့နည်းပညာကို အသုံးချပြီး လျှပ်စစ်မီးမရှိဘဲ ၃၅ရက်တာ အေးထားနိုင်မယ့် ရေခဲသေတ္တာကို တီထွင်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့အကျိုးရလဒ်အနေနဲ့ ကမ္ဘာအနှံ့က ကာကွယ်ဆေးလိုအပ်နေတဲ့ ကလေးငယ်တွေရဲ့ အသက်တွေကို ကယ်ဆယ်နိုင်တော့မှာဖြစ်ပါတယ်။

Ref:fastcoexist.com

Aye Chan Mon Credit To:http://www.trend.com.mm/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top