0

Published on: May 23, 2014

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းတပ်မတော်သည် မေ ၂၀ ရက် နံနက် ၃း၀၀ နာရီက မာရှယ်လောထုတ်ကာနိုင်ငံတည်ငြိမ်အောင် ထိန်းခဲ့ပြီးနောက် မေ ၂၂ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မေ ၂၃ ရက် နံနက် ၆ နာရီမှ စတင်ပြီး နေ့စဉ်ဖွင့်လှစ်ခဲ့သော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် မြ၀တီမြို့နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ရှိ နိုင်ငံဖြတ်ကျော်ဂိတ်များကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအရ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ နယ်စပ်ဖြတ်ကျော်ဂိတ်များအား ထိုင်းဘက်မှ ပိတ်လိုက်ပြီးဖြစ်သည့်အတွက် မေ ၂၃ ရက်မှ စတင်၍ ထိုင်း- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနယ်စပ်ရှိ လုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ နယ်စပ်ဂိတ်ကို ရက်ပိုင်းအတွင်းသာ ပိတ်ထားဖွယ် ရှိသည်ဟု သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သော မြ၀တီ-မဲဆောက် လမ်းကြောင်းမှ ခရီးသွားလာရောက်မှု နေ့စဉ်ထောင်နှင့်ချီ၍ သွားလာနေကြသလို ကုန်သွယ်မှုအနေနှင့်လည်း ယာဉ်တန်းအဆင်း နေ့တိုင်း ဒေါ်လာ တစ်သန်းကျော်ဖိုးခန့် ကုန်သွယ်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်များအား ယာယီပိတ်လိုက်ခြင်းကြောင်း ကုန်သွယ်မှု ဈေးကွက်၊ ငွေကြေးဈေးကွက် လှုပ်ခတ်သွားနိုင်ပြီး သွားလာလုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အခက်ကြုံနိုင်ကြောင်း မြ၀တီ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ယခင်က နယ်ခြားသောင်ရင်း မြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုကို အကြောင်းပြုပြီး ချစ်ကြည်ရေးတံတားအား ၁၇ လကြာ ယာယီပိတ်ထားခဲ့စဉ်က သောင်ရင်းဖြတ်ကျော် လှေဂိတ်များမှ သွားလာခွင့် ရှိခဲ့သော်လည်း ယခုအခါ နိုင်ငံလုံခြုံရေးအရ နယ်စပ်ဂိတ်များအားလုံး ပိတ်ထားမည်ဟု သိရသည်။

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top