Q. လူငယ်တွေအနေနဲ့ ၀ါဒမှိုင်းမမိအောင် ဘ၀မှာ လူတွေအများကြီးနဲ့ ကြုံတွေ့ရတဲ့အခါမှာ လူကောင်းနဲ့ လူဆိုး၊ ပညာရှိနဲ့ ပညာမဲ့၊ သူတော်ကောင်းနဲ့ သူယုတ်မာကို ခွဲခြားတတ်ဖို့အတွက် အကြံပြု စကား ပြောပြပေးပါဆရာ။
A. လူကောင်းနဲ့ လူဆိုး၊ ပညာရှိနဲ့ ပညာမဲ့၊ သူတော်ကောင်းနဲ့ သူယုတ်မာ ကို ဝေဖန်ဆန်းစစ်တတ်ဖို့က သိပ်မခက်ဘူး။ သူတို့နှုတ်ထွက်စကားကို ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ ဗျိုင်းနဲ့ကျီးကန်းကို ကြည့်လေ။ ကျီးကန်းက ဘယ်လောက်ပဲ ထုံးသုတ်ထားထား၊ နောက်ဆုံးတော့ “အ” “အ” “အ” လို့ပဲ အော်တာပါ။ ဒါကြောင့် လူကောင်းနဲ့ လူဆိုး၊ ပညာရှိနဲ့ ပညာမဲ့၊ သူတော်ကောင်းနဲ့ သူယုတ်မာကို ခွဲခြားဖို့ အတွက်ကတော့ ဒီကနေ့ သူတို့ပါးစပ်က ဘာတွေပြောသလဲ။ သူတို့ ရဲ့အတိတ်မှာ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ကြည့်ရုံနဲ့ လူငယ်တွေ ခွဲခြားတတ်ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေက တို့လူကြီးတွေလောက် မညံ့ပါဘူး။
Q. ၀ါဒမှိုင်းနဲ့ပတ်သက်ပြီး အနှစ်ချုပ်အနေနဲ့ ဆရာ ဘာများပြောချင်ပါသလဲ။
A. ဆရာ တစ်ခွန်းပဲပြောချင်တယ်။ မှိုင်းဆိုတာကေ၀၀ါးအောင် တွယ်ကပ်နေတဲ့ အညစ်အကြေး၊ အမှုန်အမွှားများသာဖြစ်တယ်။ ဒါကြောင့် လေပြင်းလေးတစ်ချက် တိုက်လိုက်ရုံနဲ့ အဲဒီမှိုင်းတွေ အကုန်လုံး လွင့်သွားနိုင်တယ်။ အမှန်တရားဆိုတဲ့ လေတစ်ချက် တိုက်လိုက်တာနဲ့ ၀ါဒမှိုင်းတွေက လွင့်ပါးပျောက်ကွယ်သွားမှာပဲ။ တို့လူထုက အဲဒီမှိုင်းတွေကို မှုတ်ထုတ်တိုက်ခတ်ပြီး လွင့်အောင် လုပ်နိုင်တဲ့ လူထု ဖြစ် မဖြစ်ကို ၂၀၁၅ မှာ ဆရာတို့ စောင့်ကြည့်ကြမယ်။
“ပြောသမျှကို ခေါင်းညိတ်တတ်တဲ့သူက မှိုင်းမိနေတဲ့သူပဲ၊ ခေါင်းဆိုတာက ညိတ်ဖို့ထားတာမဟုတ်ဘူး၊ စဉ်းစားဖို့ထားတာ၊ တွေးခေါ်ဖို့ထားတာဆိုတဲ့ ဦးဘုန်း(ဓာတု)နှင့် တွေ့ဆုံခြင်း”
Eternal Light Magazine
April 2014
“လူငယ်နှင့် ၀ါဒမှိုင်း”
Aye Chan Mon# Credit To :Eternal Light Magazine
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment