0


ဘန်ကောက်၊ မေ ၂၀

ထိုင်းနိုင်ငံတွင် ယနေ့နံနက် ၃ နာရီက စစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်တော့မည်ဖြစ်ကြောင်းကိုကြေညာလိုက်သည်။

စစ်အုပ်ချုပ်ရေးဖြစ်သော်လည်း ပြည်သူလူထုများအနေဖြင့် ပုံမှန်အတိုင်းသာလျှင် မိမိတို့လုပ်စရာရှိသည်တို့ကိုဆောင်ရွက်နိုင်ကြောင်းလည်း

ကြေညာချက်တွင်ပါရှိသည်။ ထိုင်းစစ်တပ်များသည် တီဗီအသံလွှင့်ရုံအချို့ကိုလည်း ထိန်းသိမ်းထားကြောင်း၊ နံနက် ၆ နာရီအထိမူ မည်သို့သော

ဖမ်းဆီးခြင်းကိုမျှမပြုလုပ်သေးကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် လူထုဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်ပြီး၊ ယင်တို့ကို
ထိန်းသိမ်းလိုခြင်းကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်ကြောင်းလည်း နိုင်ငံတကာလေ့လာသူတို့ကဆိုကြသည်။

PP
ref: Straits Times

ACM Credit To:Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကို ဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top