ACM Re-Post 31-5-2014
အနာဂါတ်မှာ မိမိတို့ လိုရာ သွားချင်ကြတဲ့ လူငယ်တွေအနေနဲ့  အချိန်စီမံမှုကို ဂရုမစိုက်လို့ တော့ မရပါဘူး။ တစ်နေ့ တာရဲ့
ဖြတ်သန်းမှုဟာ စနစ်တကျကန့် သတ်ထားတာမျိုးမရှိတဲ့အခါ စိတ်ပျက်စရာတွေနဲ့ ကြုံမှာ အသေချာပဲ။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု
ကို အချိန်နဲ့ စီမံပြီး အသုံးပြုရင် ဘယ်အခြေအနေမှာ ဘာလုပ်ရမလဲဆိုတာ သိလာတာပဲ။
လူငယ်တွေမှာ လုပ်နိုင်စွမ်းအားတွေရှိတယ်၊ ခွန်အားတွေ ပြည့်ဝတယ်။ ပင်ကိုယ်အရည်အချင်းတွေလည်း သူတို့ မှာရှိပြီးသား
ပါ။ သို့ သော် ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတဲ့ အချိန်ကို စီမံခန့် ခွဲမှုလုပ်နိုင်တာတော့ အားနည်းတတ်ကြတယ်။ ဒါကလည်း
အတွေ့ အကြုံနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လုပ်ငန်းအတွေ့ အကြုံရှိပြီးသားဆိုရင် အလုပ်ကို အချိန်ကိုက် စီမံနိုင်မှာပေါ့။ အတွေ့ အကြုံမရှိသေးတဲ့ လူငယ်တွေအနေနဲ့ က
ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အချိန်ကိုက် ဘယ်လိုအသုံးပြုနိုင်မလဲဆိုတဲ့ အတွေးမျိုး အမြဲထားဖို့ လိုတယ်။ ဒါလည်း စိန်ခေါ်မှုတစ်မျိုး
ပဲ။
အဲ့ဒီစိန်ခေါ်မှုကို အခွင့်အရေးဖြစ်လာအောင် အသုံးချနိုင်ရင် ယနေ့ ထက် မနက်ဖန်ဟာ တိုးတက်ပြောင်းလဲလာလိမ့်မယ်။ ဒီနေ
ရာမှာက အချိန်ခွဲဝေမှုနဲ့ ပက်သတ်တဲ့ စိန်ခေါ်မှုကို စိန်ခေါ်မှုလို့ မမြင်ဘဲ ဒါဟာ အခွင့်အရေးဘဲလို့ မြင်ဖို့ တော့လိုတာပေါ့။ စိန်ခေါ်
မှုဆိုရင် လူငယ်တွေအနေနဲ့  စိတ်ဖိစီးမှုများနိုင်ပါတယ်။
အချိန်ကို ခွဲဝေအသုံးချတတ်ခြင်းဟာ ဘ၀အတွက် အခွင့်အရေးကောင်းဘဲလို့  သဘောထားလိုက်တာနဲ့  ပင်ကိုယ်ထက် နှစ်စ
ပို အားရှိသွားပါတယ်။ ဘာတွေလုပ်ရမလဲဆိုတာထက် ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်လာလိမ့်မယ်။ ဒီနည်းလမ်းဟာ
စိတ်ဓာတ်အဟာရ တိုးစေမှာလည်း ဖြစ်ပါတယ်။
True Man
Aye Chan Mon Credit To: ဘဝစာမျက်နှာ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/ (6 photos)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.