0

ACM Re-Post 31-5-2014

RSO အကြမ်းဖက်သမားများ ဖြတ်ကျော်ဝင်ရောက်လေ့ရှိသော နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့( BGB) မှ လက်မောင်းတံဆိပ်တပ်ဆင်ထားခြင်းမရှိသော ပျောက်ကျားဝတ်လက်နက်ကိုင်များ နယ်စပ်မျဉ်းကျော်လွန်ဝင်ရောက်လာ၍ မြန်မာလုံခြုံရေးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်ကာတိုက်ပွဲငယ်ဖြစ်ပွားခဲ့သောကြောင့် မြန်မာဘက်မှ တစ်လောင်းတစ်လက်ရရှိခဲ့ကြောင်း ပြီးဖြစ်ပါသည်။ ထိုအလောင်းအား မြန်မာဘက်မှ ဘင်္ဂလားနယ်ခြားစောင့်တပ်( BGB) သို့ ယနေ့ညနေ ၅နာရီ၃၀ မိနစ်တွင် တရားဝင်လွှဲပြောင်းပေးခဲ့ပါသည်။ မြန်မာဘက်မှ အမှတ် ( ၅၃၅ ) ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူးက လက်မှတ်ရေးထိုးလွှဲပြောင်းပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ အမှတ် (၃၁) နယ်ခြားစောင့်တပ်၊ ဒုတပ်ရင်းမှူး မေဂျာအာရက်မှ လက်ခံလက်မှတ်ရေးထိုးခဲ့ပါသည်။ လွှဲပြောင်းစဉ် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိအရာရှိကြီးတစ်ဦးမှ ဖုန်းဖြင့်မေးမြန်းချက်အားဖြေကြားခဲ့ပါသည်။ ဘင်္ဂလားတပ်များ အင်အားဖြည့်တင်းမှုပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း နယ်စပ်ကိုက် ၅၀၀ အတွင်းမဝင်ရောက်သေးကြောင်း အဆိုပါရဲအရာရှိကြီးမှ ထပ်လောင်းပြောဆိုပါသည်။
ထက်ယံ ( ၃၁-၅-၂၀၁၃ ရက် ၂၃၂၀ ချိန် )

Aye Chan Mon Credit To: Htet Yan
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top