လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာအစိုးရနှင့်ပူးပေါင်းဆောင
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများနှင့်ပတ်သက်
အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးဗျူဟာများအေ
အမြင်သာဆုံးအဖြစ် အစိုးရသစ်ပုံဖော်ပေးသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များတွင် ပြည်သူလိုလားသည့် အခွင့်အရေးထိ မရောက်ခဲ့သလို နိုင်ငံတကာ၏ ဝေဖန်မှုများလည်း ရှိနေသည်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များ ပေးထားပါလျက် အကြောင်းအမျိုးမျိုးပြ ခွင့်ပြုမိန့်မပေးဘဲ ပုဒ်မ (၁၈)ဖြင့် အလွယ်တကူ တရားစွဲဆိုခြင်းများ ဆက်တိုက်ဖြစ်နေသည်။ လုံခြုံရေးအကြောင်းပြကာ သတင်းမီဒီယာများသာမက ဆန္ဒပြသူများကိုပါ ဆူပူလှုံ့ဆော်မှု ပုဒ်မ(၅၀၅)ဖြင့်လည်း စွဲဆိုမှုများ ရှိလာသည်။
ဆိုလိုသည်မှာ လူ့အခွင့်အရေးအရ လွတ်လပ်စွာပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များ ပေးထားပါသည်ဆိုသည့် အစိုးရ၏ ကြွေးကြော်မှုများသည် ပုဒ်မ(၁၈)နှင့် ပုဒ်မ(၅၀၅) တို့ဖြင့် အလွယ်တကူပြန်လည် ထိန်းချုပ်ထားခြင်းဖြစ်သည်။
ထို့အတွက် မြန်မာအစိုးရနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မည့် လူ့အခွင့်အရေးဆိုင်ရာများတွင် စိန်ခေါ်ချက် လေးရပ်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားကိစ္စ၊ သတင်းမီဒီယာလွတ်လပ်ခွင့်အပါအ၀င်
လုံလောက်သည့် အနေအထားမရှိသေးစေကာမူ မြန်မာအစိုးရသည် ယင်းစိန်ခေါ်ချက်လေးရပ်ကိုပင် သမာသမတ်ကျကျ လိုက်နာနိုင်ပါမည်လား။ ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ ကိုယ့်ဘက်လှည့်လာသည့် ဝေဖန် ထောက်ပြမှုများကို ဆတ်ဆတ်ထိမခံ ပယ်ချနေမည့် အခြေအနေမရှိသော်လည်း အစိုးရသစ်သည် ဥရောပသမဂ္ဂနှင့် လူမှုအဖွဲ့အစည်းများ၏ ကမ်းလှမ်းချက်များ၊ သုံးသပ်ထောက်ပြမှုများကို အလေးထားရမည် ဖြစ်ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည
ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတစ်နိုင်ငံအတွက် လူ့အခွင့်အရေးစံချိန်သည် ဒီမိုကရေစီရေချိန်ကို တိုင်းတာပေးပါလိမ့်မည်။ ဆိုရလျှင် မြန်မာအစိုးရအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရား မဟာဗျူဟာ အပြောင်းအလဲများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာဝေဖန်မှုများကို မျက်ကွယ်ပြုမထားဘဲ လက်ရှိအစိုးရက မှန်ကန်တိကျစွာ ဆုံးဖြတ်ပေးရန် မဇ္ဈိမက တိုက်တွန်းလိုက်ရပါသည်။
(မေလ ၂၁ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)
ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment