0


ACM Re-Post 30-5-2014

ပါကစ္စတန်နိုင်ငံမှာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးဟာ မိဘသဘောမတူသူကိုယူထားတဲ့အတွက် မသေမချင်းဆွေမျိုးတွေ
ကျောက်တုံးနဲ့ပစ်ပေါက်တာကိုခံခဲ့ရတယ်လို့ သိရပါတယ်။ မိဘသဘောမတူသူကိုလက်ထပ်ခဲ့တဲ့ အသက်(၃၀)အရွယ်ရှိ ပါကစ္စတန်အမျိုးသမီးတစ်ဦးဟာ
ဆွေမျိုးတွေရဲ့ ကျောက်တုံးနဲ့ ပစ်ပေါက်မှုကိုခံခဲ့ရတဲ့အတွက်လာဟိုးဗဟိုတရားရုံးအပြင်ဘက်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့
ပါကစ္စတန်ရဲတွေက ပြောပါတယ်။

အသတ်ခံရသူ အမျိုးသမီး ဖာဇနာဘီဘီ ကိုကျာက်တုံးတွေနဲ့ ၀ိုင်းဝန်းပစ်ပေါက်ခဲ့ရာမှာ သူမရဲ့ ဖခင်ဖြစ်သူလည်းပါဝင်ခဲ့တယ်လို့
ရဲတွေကိုဝန်ခံထားပြီး ပြစ်မှုအတူကျူးလွန်လွန်ခဲ့တဲ့သူမရဲ့အစ်ကိုဖြစ်သူနဲ့ စေ့စပ်ရည်ရွယ်ထားခဲ့သူတို့ကတော့
ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ရဲတွေကပြောပါတယ်။

ဖာဇနာဘီဘီရဲ့ မိဘတွေဟာဘီဘီကိုပြန်ပေးဆွဲမှုနဲ့ သူမရဲ့ခင်ပွန်း ” မွာမက်အီဘယ် ” ဖြစ်သူကိုတရားခံအဖြစ် အထက်တရားရုံးမှာ
တရားစွဲဆိုထားကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်သဆုံးသူအမျိုးသမီးက သူမနဲ့ ခင်ပွန်းဖြစ်သူ မူဟန်တို့ဟာသူမရဲ့ကိုယ်ပိုင်ဆုံး
ဖြတ်ချက်နဲ့ နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားခဲ့ပါတယ်။ ဒါ့အပြင်သူမတို့ဇနီးမောင်နှံဟာ
စေ့စပ်ခဲ့တာ နှစ်နဲ့ချီကြာခဲ့တယ်လို့ ရဲတွေကပာကြားထားပါတယ်။ ဘီဘီဟာ တရားရုံးကိုကြားနာဖို့လာတုန်းမှာ
ဆွေမျိုးတွေရဲ့ ကျောက်တုံးနဲ့ ပစ်ပေါက်မှုကိုခံခဲ့ရတာဖြစ်ပြီးခင်ပွန်းဖြစ်သူကတော့ လွတ်မြောက်ခဲ့ပါတယ်။ ရဲတွေဟာ ဒီအမှုမှာ
ပါဝင်ပတ်သက်ခဲ့တယ်လို့ယူဆရတဲ့ သူမရဲ့ဆွေမျိုးတွေကိုစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Source;daily mail

ဘာသာပြန် David

Aye Chan Mon Credit To: http://www.mmanewsagency.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top