0
မိတ္ထီလာခရိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် အောင်ပန်းမြို့မှ မင်္ဂလာဆောင်ပြန်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အသက်သုံးဆယ်အရွယ် သတို့သား သေဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၁ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၃၅၃ အနီးရှိ မြေတိုင်ကန် ကျေးရွာအနီးတွင် တောင်ဘက်မှ မြောက်ဘက်သို့ ယာဉ်မောင်း ရန်မျိုးအောင် အသက်(၂၉)နှစ် မောင်းနှင်၍ အောင်ပန်းမြို့တွင် မင်္ဂလာဆောင်ခဲ့သော သတို့သား ဇော်မြင့်မိုးနှင့် ဇနီးဖြစ်သူ အပါအ၀င်လူခြောက်ဦးတို့ လိုက်ပါလာသော Toyota Alphard ယာဉ်အမှတ် ၂ဃ/--- သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ခရီး သည်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကာ ၀မ်းတွင်းမြို့နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ဇော်မြင့်မိုး အသက် ၃၀ နှစ် (ဘ)ဦးငယ်လေးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ၀မ်းတွင်းမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top