0

ACM Re-Post 31-5-2014

ဘန်ကောက်- ထိုင်းအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များလုပ်ဆောင် ရန်ရှိနေသေးသောကြောင့် ရွေးကောက်ပွဲကို တစ်နှစ်ကျော်ကာလအတွင်း ကျင်းပနိုင်လိမ့်မည်မဟုတ်ဟု ထိုင်းစစ်တပ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက မေလ ၃၀ ရက်တွင် ရုပ်သံမိန့်ခွန်း၌ပြောသည်။

ထိုင်းနိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆန့်ကျင်ဆန္ဒပြမှုများရပ်တန့်ကြရန်လည်း ဗိုလ်ချုပ်ကြီးပရာယွတ်ကပြောကြားခဲ့ပြီး၊ စစ်တပ်ကိုဆန့်ကျင်မှုများမပြုလုပ်ရန် ထပ်လောင်း သတိပေးခဲ့သည်။

မေလ ၂၂ ရက်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ရုပ်သံမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီးပရာယွတ်က ရွေးကောက်ပွဲအတွက်ပြင်ဆင်ရန် အချိန်တစ်နှစ်သုံးလရှိသည်ဟုပြောထားသည်။ ပထမ သုံးလတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ကာလတွင် ပြုပြင်ပြောင်းလဲရေးကိုပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးကဆိုသည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ပြီးနောက်တွင်မှ ရွေးကောက်ပွဲ ကျင်းပမည်ဟု ၎င်းကပြောသည်။

‘‘ပြဿနာတွေဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ကိုအချိန်ပေးပါ။ အဲဒီနောက်မှ စစ်သားတွေဟာ အဝေးကနေ ထိုင်းနိုင်ငံကိုကြည့်ဖို့ နောက်ဆုတ်သွားမှာပါ’’ဟု ဗိုလ်ချုပ်ကြီးကဆိုသည်။ ဆန္ဒပြမှု များဆက်လုပ်နေလျှင် ရွေးချယ်စရာမရှိတော့ဘဲ အင်အားသုံးရလိမ့်မည်ဟု ၎င်းကအစောပိုင်းတွင်သတိပေးခဲ့သည်။ မေလ ၃၀ ရက် မိန့်ခွန်းတွင်လည်း ဆန့်ကျင်နေမှုများသည် ထိုင်းနိုင်ငံသား များအား ပျော်ရွှင်မှုများသယ်ဆောင်လာပေးမည့် လုပ်ငန်းစဉ်ကို နှောင့်နှေးရုံသာရှိစေလိမ့်မည်ဟု ၎င်းကထပ်လောင်းသတိပေးခဲ့သည်။

—Ref: BBC

ထိုင်းဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာ၏ ပထမဆုံးရုပ်မြင်သံကြားမိန့်ခွန်းထုတ်လွှင့်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ- AFP)

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top