တောင်ကိုရီးယား ကူးတို့သင်္ဘော "Sewol" နစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေတဲ့ အထက်တန်း ကျောင်းသူ ကျောင်းသားတွေရဲ့ ဒုတိယ ကျောင်းအုပ်ဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချပြီး သတ်သေသွားကြောင်း သိရပါတယ်။
အထက်တန်းကျောင်းရဲ့ ဒုတိယကျောင်းအုပ်ဖြစ်သူ ကန်မင်ဂျွန်းဟာ ကျောင်းသူ ကျောင်းသားတွေကို ဂရုစိုက်စောင့်ရှောက်ရာမှာ ပေါ့လျော့မှုဖြင့် စွဲချက်တင်ခံထားရသူဖြစ်ပြီး ၎င်းကို ဂျင်ဒိုကျွန်းပေါ်က သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချ သေဆုံးလျက်သား တွေ့ရပါတယ်။
အဆိုပါ ကျွန်းပေါ်မှာ သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ မိဘဆွေမျိုးတွေက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတာကို စောင့်မျှော်နေကြပါတယ်။ ကန်မင်ဂျွန်းဟာ သင်္ဘောနစ်မြုပ်မှု ဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးတွေက ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။
အထက်တန်း ကျောင်းသူ ကျောင်းသား အများစု လိုက်ပါလာတဲ့ အဆိုပါ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း ခရီးသည် ၂၆၈ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ကူးတို့သင်္ဘောဟာ အင်ချွန်းဆိပ်ကမ်းကနေ ထွက်ခွာလာပြီး ဂျေဂျူကျွန်းကို ခုတ်မောင်းနေစဉ် နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လူ ၂၈ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
Aye Chan Mon# Credit To : Planet Myanmar Network > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment