0


ဆော်ဒီအာရေဗီးယားနိုင်ငံမှာ MERS ဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသူတစ်ဦး သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ သေဆုံးသွားတဲ့ နိုင်ငံခြားသူဟာ အသက် ၅၅ နှစ်အရွယ်ဖြစ်ကြောင်း ပြောကြားပြီး မည်သည့် နိုင်ငံကဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

အဆိုပါ အမျိုးသမီးဟာ ရီယာ့ဒ်မြို့မှာ နေထိုင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ရီယာ့ဒ်မှာ အခြား လူ ၅ ဦး MERS ဗိုင်းရပ်စ် ကူးစက်ခံရကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ MERS ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အများအပြား ဖြစ်ပွားနေတဲ့ ဆော်ဒီမှာ ယခု အမျိုးသမီး အပါအဝင် အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၃ ဦးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - ဆော်ဒီမှ ဆေးရုံတစ်ရုံ။

Aye Chan Mon# Credit To :Planet Myanmar Network > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top