Published on: April 19, 2014
Written by: ဖြိုးဝေ
DVB သတင်းထောက် ကိုဇော်ဖေအား အစိုးရက ဖမ်းဆီးထောင်ချခြင်းနှင့် စပ်လျဉ်း၍ သတင်းမီဒီယာသမားကို ရာဇ၀တ်မှုများဖြင့် အရေးယူထောင်ချမှုကို ကန့်ကွက်ကြောင်း Pen Myanmar က ဧပြီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
မကွေးမြို့နယ် တရားရုံးက ဒီမိုကရက် တစ်မြန်မာ့အသံမှ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်တွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၃ နှင့် ၄၄၈ အရ ပြစ်မှုမြောက်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ကြောင်း သိရသဖြင့် Pen Myanmar အနေနှင့် စိတ်မကောင်းဖြစ်ရကာ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အားထုတ်နေကြသော သတင်းမီဒီယာသမားများ၏ လုံခြုံရေးအတွက် စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်၌ လွတ်လပ်စွာထုတ်ဖော် ပြောဆိုတင်ပြပိုင်ခွင့်သည် လူတိုင်း၏ မွေးရာပါအခွင့်အရေး ဖြစ်သည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၈) အရ နိုင်ငံသားအား လုံးသည် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ရရှိထားပြီးဖြစ် ကြောင်းနှင့် နိုင်ငံသားအားလုံး၏ သတင်း သိပိုင်ခွင့်ကို ကာကွယ်ရန်အလို့ငှာ သတင်းသမားများ၏ အားထုတ်မှုကိုလည်း အတိအကျ အကာအကွယ်ပေးနိုင်မှသာ နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို တင်ပြခွင့်သည် ထင်ရှားသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် အများပြည်သူများ ၀င်ထွက်သွားလာခွင့်ရှိသည့် တိုင်းပညာရေးမှူး ရုံးခန်းအတွင်းသို့ ၀င်ထွက်ခြင်းသည် ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၈ ဖြင့် အပြစ်ပေးထိုက် သော ပုဒ်မ ၄၄၂ ပါ ပြဋ္ဌာန်းချက်များ ဖြစ်သည့် ပြစ်မှုမကင်းသော၊ လက်ရှိဖြစ်သူကို ခြောက်လှန့်ရန်၊ စော်ကားရန်၊ စိတ်ငြိုငြင်စေရန် ကြံရွယ်ချက်တို့အား ကျူးလွန်ဖောက်ဖျက်ခြင်း မဟုတ်သောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးရန် အကြောင်းမရှိဟု Pen Myanmar က သုံးသပ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်သူ့ဝန်ထမ်းတို့ တာဝန်ထမ်းဆောင်ရာတွင် အကာအကွယ်ပေးရန် ရည်ရွယ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ အရလည်း ပြည်သူ့ဝန်ထမ်း တာဝန်ထမ်း ဆောင်သည်ကိုတားဆီးရန် သော်လည်းကောင်း၊ ဟန့်တားရန် သော်လည်းကောင်း အားထုတ်ခြင်း မဟုတ်သဖြင့် ထိုပုဒ်မဖြင့် အရေးယူရန် လည်း သင့်လျော်မှုမရှိဟုခံယူကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အပြစ်ပေးအရေးယူရန် သင့်လျော်သည့် အကြောင်းမရှိပါလျက်နှင့် ထောင်ဒဏ်အပြစ်ပေးခြင်းသည် အများပြည်သူနိုင်ငံ သားတို့၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်း ရန်အားထုတ်ကြသည့် သတင်းမီဒီယာသမား များအား ခြိမ်းခြောက်အနိုင့်အထက် ပြုကျင့်ခြင်းဟု ဆိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် သတင်းမီဒီယာသမားအား ထောင်ချခြင်းအပြုအမူသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုတင်ပြခွင့်ကို ထိပါးဆန့်ကျင်ပါသောကြောင့် Pen Myanmar က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
DVB သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ တစ်ဦးသည် ၂၀၁၂ ခုနှစ် သြဂုတ်လက မကွေးခရိုင် ပညာရေးမှူးရုံးသို့ သွားရောက်ကာ ဂျပန်နိုင်ငံက ကူညီထောက်ပံ့သည့် ပညာသင်ထောက်ပံ့ရေးအစီအစဉ် အကြောင်းသိလိုသည်များကို မေးမြန်းခွင့်ရ ရန်ကြိုးပမ်းရာမှ ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရား နှောင့်ယှက်မှုများဖြင့် တရားစွဲဆိုထောင်ချခံ ခဲ့ရခြင်းဖြစ်သည်။ ကိုဇော်ဖေနှင့် ကျောင်း သားမိဘတစ်ဦးအား မီဒီယာဖိနှိပ်မှုပြယုဂ် အဖြစ် ထောင်ချခံခဲ့ရခြင်းနှင့်စပ်လျဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment