0


ရန်ကုန်၊ ဧပြီ ၂၄

၂၃.၄.၂၀၁၄ ရက်နေ့ ၁၆၀၀အချိန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် သတင်းစုံစမ်းဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ဘုရင့်နောင်
ပွဲရုံဝင်း၊ ကျွန်းရွှေဝါလမ်းမပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး
ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ရပ်တန့်ထားသော၎ဂ/၂၅၃၇ နံပါတ်တပ်ဆင်ထားသည့် Hilux SURF အမျိုးအစား နက်ပြာရောင်
မော်တော်ယာဉ်ပေါ်တွင် မိုးကျော်၊ (၃၇)နှစ်၊ (ဘ)ဦးစိုးလှ၊ သရက်မြို့၊ မကွေးတိုင်းဒေသကြီးနေသူအားတွေ့ရှိသဖြင့်စစ်မေးရာ ယာဉ်နှင့်ပတ်သက်
သော စာရွက်စာတမ်းအထောက်အထားများ ပြသပြောဆိုနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်အတူတွေ့ရှိသူ မိုးကျော်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် နယ်မြေရဲစခန်း (ပ)၁၂၉/၂၀၁၄၊ ပို့ကုန်/
သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်

Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top