ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅)
ပန်သစ္စာ ၊ တီးတိန်၊
ချင်းပြည်နယ်၏ အမှတ်တရ နေရာတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်တို့ နှစ်စဉ်လာရောက်လည် ပတ်သူ များပြားလာသော ရိဒ်ရေ ကန်သည် ရိဒ်ရေကန်ဝန်းကျင် သစ် တောများ စည်းကမ်းမဲ့ခုတ်ထွင်မှုများ ပြားခြင်း၊ ရိဒ်ရေကန်ဝန်းကျင် လယ် ယာများက ရေထွက်နေရာများမှ ရေ ထုတ်ယူသုံးစွဲမှုများပြားလာခြင်း၊ ရိဒ် ရေကန်ဝန်းကျင် အိမ်မြေနေရာများချ ထားမှုများရှိလာခြင်းတို့ကြောင့် တစ် နှစ်ထက်တစ်နှစ် သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုများလာနေပြီး ကန်ရေ လျော့ပါးလာနေကြောင်း ရိဒ်ဒေသခံ တစ်ဦးကပြောသည်။
''ရိဒ်ရေကန်မှာ လွန်ခဲ့တဲ့ဆယ် နှစ်ဝန်းကျင်က ရေကြက်ရေဘဲတွေ တွေ့ရတယ်။ ဆောင်းတွင်းဆိုရင် ဆောင်းခိုငှက်တွေတွေ့ရတယ်။ ငှက် တွေပျောက်သွားတာကတော့ ဒေသ တွင်း ငှက်မုဆိုးတွေကြောင့် ဖြစ်ပါ တယ်။ နောက်ရေပျော်ငါးတွေလဲ အခု တော့ရှားပါးလာနေတယ်။ အခုဆို ရင် ရိဒ်ရေကန်ဝန်းကျင်မှာ လယ်ယာ တွေတိုးချဲ့လာနေသလို လူနေအိမ် ရာတွေပါချထားဖို့ ကြိုးစားနေတယ် လို့ သတင်းကြားနေရတယ်။ အခုလို စည်းကမ်းမဲ့၊ ထိန်းသိမ်းမှုနည်းပါး လာရင် ကျွန်တော်တို့ရဲ့ အမှတ်တရ နေရာ ရိဒ်ရေကန်ဟာ ပျောက်ကွယ် ပျက်စီးရတော့မှာ ဖြစ်ပါတယ်''ဟု ရိဒ်ဒေသခံကပြောသည်။
ရိဒ်ရေကန်သည် မြောက်ပိုင်း ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း တည်ရှိပြီး တီးတိန်မြို့နှင့် မိုင် ၃ဝ၊ ဖလမ်းမြို့နှင့် ၆၄ မိုင်ဝေးသည်။ ရိဒ် ရေကန်၏ ထူးခြားချက်မှာ ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ ပေမြင့်သောတောင်ပေါ်တွင် တည်ရှိပြီး ရေကန်အကျယ်အဝန်း သုံးမိုင်ရှိသည်။
လွန်ခဲ့သည့် နှစ် ၃ဝဝန်းကျင် က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့တို့၏ တိုင်းတာချက်များ အရ ရိဒ်ရေကန်အနက် ၆၅ ပေရှိ သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ယခုအခါ ရိဒ်ရေကန်ဝန်းကျင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ၊ လယ် ယာမြေတိုးချဲ့မှုများ၊ လူနေအိမ်ရာ များ တိုးချဲ့လာနေမှုများ၊ ရိဒ်ရေကန် နေထိုင်သူတို့ ရိဒ်ရေကန်ကို ထိန်း သိမ်းရန် အားနည်းနေမှုတို့ကြောင့် မကြာသောနှစ်များအတွင်း ရိဒ်ရေ ကန်သည် ပျက်စီးပျောက်ကွယ်နိုင် ကြောင်း ယင်းဒေသခံကပြောသည်။
Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment