ရန်ကုန်၊ ဧပြီ ၂၄
၁၄.၄.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်နေ ဒေါ်အေးအေးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ရေကျော်လမ်း၊ မ/၉၃(မြေညီထပ်)တွင် ဖွင့်လှစ်ထားသော ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်အားပိတ်ထားခဲ့ပြီး ခရီးသွားနေခဲ့ရာမှ ၂၂.၄.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန် ဆိုင်အားပြန်လည်ဖွင့်လှစ်ခဲ့ရာ ဆိုင်
အတွင်းမှ ဟန်းဆက်ပစ္စည်းမျိုးစုံ(၆၉)လုံး၊ ကာလတန်ဖိုး(၃၈၁၄၆၀၀)ကျပ်
ခန့်မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ခိုးယူသူအား အရေးယူပေးရန် တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၂၇၃/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၈၀ ဖြင့်အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး
ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်နေစဉ် ၂၃.၄.၂၀၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ရန်ကုန်ဘူတာကြီး ရထားသံလမ်းဘေး၌ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူများဖြစ်သည့် ၀မ်းဝေး(ခ)အောင်ရဲဦး(ခ)
ဇေရဲဦး (ဘ)ဦးအေးဝင်း၊ အီတူး(ခ)ကျော်သူအောင် (ဘ)ဦးထိန်ဝင်း၊ ဘာဘူ(ခ)သက်ပိုင်ဦး (ဘ)ဦးခင်ချိုဦး၊ ဇော်မင်းနိုင် (ဘ)ဦးသိန်းဝင်းနှင့် သန်လျင်မြို့နယ်နေ ဘဲဥ(ခ) အောင်ဇေယျ (ဘ)ဦးဝင်းရွှေ တို့(၅)ဦးအား မသင်္ကာတွေ့ရှိသဖြင့် အမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့ပါသည်။
၎င်းတို့(၅)ဦးအားစစ်ဆေးရာ ၁၈.၄.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ဘဲဥ(ခ) အောင်ဇေယျနှင့် ၀မ်းဝေး(ခ)အောင်ရဲဦး(ခ)ဇေရဲဦးတို့(၂)ဦးမှ အဆိုပါဖုန်းဆိုင်နောက်ဖေးတံခါးအား သံဂေါ်ပြားဖြင့် ဖွင့်လှစ်ဝင်ရောက်၍ ဟန်းဆက်များအားခိုးယူခဲ့ပြီး ကျန်(၃)ဦးမှ အပြင်မှလူစောင့်ကြည့်ပေးခဲ့
ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
အမှုမှပါဆုံးသွားသော ဟန်းဆက်များအနက် ဘဲဥ(ခ)အောင်ဇေယျထံမှ ဟန်းဆက်မျိုးစုံ(၃၂)လုံး၊ ဘာဘူ(ခ)သက်ပိုင်ဦးထံမှ (၃)လုံး၊ အီတူး(ခ)
ကျော်သူအောင်ထံမှ (၅)လုံး၊ စုစုပေါင်း ဟန်းဆက်မျိုးစုံ (၄၀)လုံးတို့အား
ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ကျန်ဟန်းဆက်များအား သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment