0
ရန်ကုန်၊ ဧပြီ ၁၈

၁၇.၄.၂၀၁၄ ရက်နေ့ ၂၁၄၀ အချိန် သန်လျင်မြို့နယ်နေ ဒေါ်လှမြင့်သည် သား/သမီးများနှင့်အတူ နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးထွန်းလှမှာ အရက်သေစာသောက်စားမူးယစ်ကာ နေအိမ်သို့ ပြန်လာရောက်ရှိပြီး အိမ်ရှေ့တွင်အပေါ့စွန့်သဖြင့် ပတ်ဝန်းကျင်၌ သားပျို၊ သမီးပျိုများရှိ၍ ထိုသို့ မပြုလုပ်ရန် ဟန့်တားပြောဆိုရာမှ စကားများရန်ဖြစ်ကြစဉ် ခင်ပွန်းဖြစ်သူ ဦးထွန်းလှမှ အရိုးအသွား(၉)လက်မခန့်ရှိဓါးနှင့်ထိုးခဲ့သဖြင့် ဒေါ်လှမြင့်တွင် ယာရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်သူကြွယ်ထိပ် ပြတ်ရှဒဏ်ရာ
(၁)ချက်တို့ရရှိခဲ့ပြီး သန်လျင်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ကျူးလွန်ခဲ့သည့် ခင်ပွန်းဖြစ်သူ ထွန်းလှအား အရေးယူပေးရန်
ဒေါ်လှမြင့်မှတိုင်တန်းသဖြင့် သန်လျင်မြို့မရဲစခန်း(ပ)၂၇၄/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top