ရန်ကုန်၊ ဧပြီ ၁၈
၁၆.၄.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ကိုစွမ်းရည်ထက်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် အိမ်အနီးရှိလက်ဖက်ရည်
ဆိုင်သို့လာရောက်ကြသော ကျော်ထွေးပါ(၄)ဦးနှင့် ရပ်ကွက်အတွင်းမှ အညာသား(ခ)ဖုန်းရန်နောင်လတ်၊ ကျော်ကိုကို၊ ဇော်မင်းသူတို့(၃)ဦးမှာ
စကားများနေကြသဖြင့် ၎င်း၏ဦးလေးဖြစ်သူ ဦးဝင်းနောင်မှ ၀င်ရောက်
ဖျန်ဖြေပေးခဲ့ကြောင်း၊ ထိုသို့ဖျန်ဖြေပေးစဉ် ဦးလေးဖြစ်သူကို အညာသား
(ခ)ဖုန်းရန်နောင်လတ်တို့မှ ရိုက်ပုတ်သဖြင့် ၎င်း၏ဇနီးဖြစ်သူမသိင်္ဂီထွန်းမှ ၀င်ဆွဲရာ ကျော်ကိုကိုမှ ပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ ဇနီးဖြစ်သူ မသိင်္ဂီထွန်းတွင် ဦးခေါင်း၌ ဖူးရောင် ပေါက်ပြဲဒဏ်ရာရှိခဲ့ကြောင်း၊ အညာသား(ခ)
ဖုန်းရန်နောင်လတ်တို့(၃)ဦးမှ ၎င်း၏ခြံဝင်းအတွင်းဝင်ရောက်ကာ ပန်းအိုးနှင့်
အိုးခွက်ပန်ကန်တို့အားဖျက်ဆီးခဲ
ရကြောင်းနှင့် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန်
တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ အညာသား(ခ)ဖုန်းရန်နောင်လတ်၊ ကျော်ကိုကို၊
ဇော်မင်းသူ တို့(၃)ဦးကို ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၁၁၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၂၅/၄၂၇/၄၅၁/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Aye Chan Mon# Credit To : Yangon Police > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment