0


ဌက်ပျောသီးက နူးညံ့ ပျော့ပြောင်းပြီး ချိုသင်းတဲ့ အရသာရှိတယ် ။ ဌက်ပျောသီး မှာ အဟာရသိပ်ကို ကြွယ်ဝတယ် ။ (ဂရမ်၁၀၀=၆.၂)ကျပ်သားတိုင်းမှာ (အခွံမပါ အသားသက်သက်) ပရိုတင်း ၁.၂ ဂရမ် ၊အဆီ ၀.၅ ဂရမ် ၊ ကစီ ၁၉.၅ ဂရမ် ၊ ဖိုင်ဘာမျှင် အကြမ်း ၀.၉ ဂရမ် ၊ ထုံးဓါတ် ၉ မီလီဂရမ် ၊ မီးစုန်းဓါတ် ၃၁ မီလီဂရမ် ၊ သံဓါတ် ၀.၆ မီလီဂရမ် တို့ပါဝင်တဲ့အပြင် ကယ်ရိုတင်း ၊ နိုင်ယာစင် (Niacin) ဗီတာမင်စီ ၊ အီးနဲ့ စိုးစဉ် လိုအပ်ဒြပ်စင်များဖြစ်တဲ့ ပိုတက်စီယမ်စတာတွေလည်း ပါဝင်တယ် ။ မကြာမီ နှစ်ပိုင်းများအတွင်းက ကမ္ဘာ့ ဆေးပညာပါရဂူများရဲ့ သုတေသနပြုတေ့ရှိခဲ့တာကတော့ ဌက်ပျောသီးက လူ့ခန္တာကိုယ်တွင်း ဦးနှောက်ကြီးအတွက် သွေးကြည်ရည် (Blood Serum) တစ်မျိုး ထုတ်လုပ်ဖို့ ကူညီတယ်လို့ ဆိုပါတယ် ။ အဲဒီဒြပ်ပစ္စည်း က အာရုံကြောစနစ်ကို လှုံဆော်ပေးတယ် ။ အဲဒီကနေ လူတွေကို ပျော်ရွှင်စေတယ် ။ တည်ငြိမ်စေတယ် ။အိပ်ချိန်ကို အချက်ပေးတယ် ။ နာကျင်မှုကိုသက်သာစေတဲ့ အကျိုးတောင်ရှိသေးတယ် လို့ သိရပါတယ် ။ ဒါကြောင့် ဌက်ပျော်သီးကို ”ပျော်ရွှင်ဖွယ်စားစရာ ” လို့တောင် နာမည် ကောင်းပေးထားပါသေးတယ် ။ အမေရိကန်နိုင်ငံ ဆေးပညာ ပါရဂူတွေရဲ့  သုတေသနများအရ အမြဲ ဌက်ပျောသီး စားရင် သွေးတိုးရောဂါ ကို ကြိုတင်ဟန့်တားနိုင်တယ်။ အကြောင်းရင်းကတော့ ဌက်ပျောသီးမှာ ပိုတက်ဆီယမ်အိုင်းယွန်း များများစားစားပါဝင်နေတော့ ဆိုဒီယမ်အိုင်းယွန်း တွေ မြင့်တက်လာနိုင်မှုကို ဟန့်တားတဲ့အတွက် သွေးကြောများ မထိခိုက်တော့ဘူး ။ သိပ္ပံပညာ ရှင်များ ထပ်မံတွေ့ရှိသေးတာက က လှူမှာ ပိုတက်ဆီယမ် ချို့ တဲ့ ရင်မူးဝေတာ ၊ တစ်ကိုယ်လုံး အားကုန်တာ ၊ နှလုံးခုန်မမှန်တာတွေပါ ဖြစ်တတ်သေးတယ်လို့ဆိုပါတယ် ။ နောက်ပြီး ဌက်ပျောသီးမှာ အဟာရ အမျိုးမျိုးရှိတဲ့ အပြင် လူကို မ၀စေဘူး ။ ဦးနှောက်ကို အားကောင်းစေတယ် ။ အာရုံကြောများ မပင်ပန်းစေဘူး ။ အဆုတ်ကို ချောမွေ့စေပြီး ချောင်းဆိုး သက်သာစေတယ် ။ ၀မ်းမှန်စေတယ်လို့ ယူဆကြပါတယ် ။ တရုတ်တိုင်းရင်းဆေးပညာ အရ ဌက်ပျောသီးဟာ အအေးစာဖြစ်တဲ့အတွက် အစာအိမ်အားနည်းသူ ၊ အစာအိမ် နာတတ်သူ ၊ ၀မ်းလျှော တတ်သူများ လျှော့စား သင့်တယ် ။အစာအိမ်အချဉ်ပေါက် သူများ မစားသင့်ဘူး လို့ ယူဆပါတယ် ။

စာကိုး.....မူရင်း...

Banana

From Wikipedia, the free encyclopedia

Aye Chan Mon# Credit To : ဆုံဆည်းရာ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
5

Post a Comment

 
Top