လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် အမတ်လောင်းမှလွဲ၍ အခြားမည်သူမှ မဲမဆွယ်ရဆိုသည့် ဦးတင်အေးပြောဆိုချက် အတည်ဟုတ်မဟုတ် NLD ပါတီက မေးမြန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
တရားဝင် ထုတ်ပြန်ထားချက်မဟုတ်သဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး၏ သတင်းမီဒီယာများသို့ ပြောဆိုချက်အပေါ် အတည်ဟုတ် မဟုတ် ရှင်းလင်းစွာသိဖို့ မေးမြန်းထားကြောင်း RFA ရေဒီယိုသို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
လာမည့် ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည့် အမတ်လောင်းသာ မဲဆွယ်ခွင့်ရှိမည်ဖြစ်သည်ဟု ဦးတင်အေး၏ ရန်ကုန်တိုင်း လွှတ်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့စဉ်က ပြောဆိုခဲ့သည်။ ထို့နောက် ကြံ့ခိုင်ရေးပါတီမှ အမတ်လောင်းများက ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံနှင်
ကြံ့ခိုင်ရေးပါတီ အသွင်ပြောင်းခဲ့သည့် ကြံ့ခိုင်ရေးအသင်း၏ နာယက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဓာတ်ပုံဖြင့် ကြံ့ခိုင်ရေးအမတ်များ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီမိုကရေစီအင်အားစုများအကြား ဆိုရှယ်မီဒီယာများတွင် တန်ပြန်ဝေဖန်ချက်များ ပေါ်ထွက်လာခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကိုယ်တိုင်ပင် နိုင်ငံရေးပါတီနှင့် ကင်းရှင်းသူမဟုတ်သည့်အပြင် ယခင်က စစ်ဗိုလ်ချုပ်ကြီးရာထူးမှ အငြိမ်းစားယူပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်ခံရသူဖြစ်၍ သူ သမာသမတ်ရှိမှုအပေါ် ဝေဖန်မှုများလည်း ဆက်တိုက်ပေါ်ထွက်လာသည်။
Aye Chan Mon# Credit To : Kamayut Media > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.