Thursday, April 24, 2014
သတင်းစာ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ဘုလက် ဦးလှဆွေရဲ့ သဘောထား အမြင်ဖြစ်ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ နဲ့ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ (NLD ) နာယက လည်း ဖြစ်သူ၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် တို့အကြား ပြီးခဲ့တဲ့လ အနည်းငယ်က အပြန် အလှန် ဝေဖန်မှု စွပ်စွဲ ပြောဆိုမှုတွေကြောင့် တရားစွဲမယ် ဆိုတဲ့ အခြေ အနေ အထိ ဖြစ်ခဲ့ကြပါတယ်။
NLD မှာ ဒေါ်အောင်ဆန်းစုကြည် က လွဲရင် တယောက်မှ သုံးစားလို့ မရဘူးလို့ ပြောတာရယ်၊ ဦးဝင်းတင်၊ ဦးတင်ဦး စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တရားစခန်းပဲ သွားနေသင့်တယ် ဆိုတာမျိုးတွေကို မီဒီယာတွေ က တဆင့် ပြောဆိုတာတွေကို ဦးလှ ဆွေ က လုပ်ခဲ့ပါတယ်။
ဦးလှဆွေကို တရားစွဲမယ် ဆိုတဲ့အချက်တွေထဲမှာ ဒီချုပ် ကို ဒီရှုပ်လို့ ပြောတာလည်း ပါ ပါတယ်။ အဲဒီ အပေါ်မှာ NLD ပါတီ ကိုယ်စား သတင်းစာ ဆရာကြီး ဦးဝင်းတင် ကို မီဒီယာတွေ က လည်း မေးမြန်းမှုတွေ လုပ်ခဲ့ကြပါတယ်။
ဦးလှဆွေရဲ့ ပြောဆိုမှုဟာ ပါတီကို ထိခိုက်စေတဲ့ အတွက် တရားစွဲမယ်လို့ NLD က ပြောတဲ့ အခါ ဦးလှဆွေကလည်း တရား ပြန်စွဲမယ်လို့ ပြောပါတယ်။
ဦးဝင်းတင် ဟာ ဒီလှိုင်း စာစောင်ကနေ ကြံ့ဖွံ့ပါတီ ကို ကြံ့ဖွတ် ဆိုတဲ့အထိ ရေးတယ်လို့ ဦးလှဆွေ က တုံ့ပြန်တာမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီလို တင်းမာမှုတွေ ရှိခဲ့ပေမယ့် ဦးဝင်းတင် ဆုံးသွားတဲ့အပေါ်မှာတော့ နှမျော တသ ဖြစ်မိတယ်လို့ ဦးလှဆွေ က ဧရာဝတီ ကို ပြောပါတယ်။
“သူက ဒီမိုကရေစီ သူရဲကောင်းပဲဗျ၊ လူ့အခွင့်အရေး၊ သတင်းစာ လွတ်လပ်ခွင့်တွေ လုပ်ခဲ့တယ်၊ ဒီမိုကရေစီ အတွက် နိုင်ငံရဲ့ စံပြ ပုဂ္ဂိုလ်ပါ၊ ဦးဝင်းတင် မဆုံးခင်က ဆေးရုံကို သွားပြီး သတင်းမေးခဲ့သေးတယ်ဗျ၊ စကား မပြောနိုင်တော့ စကား မပြော ခဲ့ ရဘူး၊ လက်ဆောင်တော့ သူ့ကို စောင့်နေသူကို ပေးခဲ့တယ်” လို့ ဆိုပါ တယ်။
ဦးဝင်းတင် အနေနဲ့ စစ်အာဏာရှင်တွေကို ဝေဖန် တာဟာလည်း သူ့ရဲ့ လွတ်လပ်ခွင့် ဖြစ်တယ်၊ သူ ဟာ သေတဲ့ အထိလည်း စိတ်ဓာတ် မယိုင်းမယိုင်ဘဲ သူ့ယုံကြည်ချက်အတိုင်း ရပ်တည်သွား တယ်၊
ဒေါ်အောင်ဆန်းစုကြည်ကို တောင် အလွတ်မပေးဘဲ ဝေ ဖန် စရာရှိရင် ဝေဖန် တတ်တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် နိုင်ငံရဲ့ ဒီမိုကရေစီ သူရဲ့ကောင်း အဖြစ် သတ်မှတ် တယ်လို့ ဦးလှဆွေ က ပြောပါတယ်။
ခင်ဦးသာ ~
မကွေးတိုင်းက ကြံ့ခိုင်ရေး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဘုလက် ဦးလှဆွေ
Aye Chan Mon# Credit To : http://blog.irrawaddy.org/ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.