0


နေပြည်တော်၊ ဧပြီ ၂၃

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံ-သရက်ကူးတို့ဇက်ဆိပ်တွင် ယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်းလိမ့်ကျကြောင်း သတင်းအရ အောင်လံမြို့မရဲစခန်း
မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ လွှစင်တန်းရပ်နေ
ဇော်ခင်(၂၇)နှစ်မောင်းနှင်သော ၁န။xxxx နစ်ဆန်း(၁၂)ဘီး လိမ္မော်ရောင်ယာဉ်မှာ ဇက်ဆိပ်၌ရပ်တန့်ပြီး ကျောက်စလစ်တင်နေစဉ်
နောက်ပြန်လိမ့်ဆင်းပြီး မြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့်

“ဟိန်းမင်းထက်” ရေယာဉ်အားတိုက်မိရာက ရေယာဉ်ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ် သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဇော်ခင်အား
အောင်လံမြို့မရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Photo From Myanmar MyoMyanmar

Aye Chan Mon# Credit To : Thit Htoo Lwin blog > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2

Post a Comment

 
Top