နာရေးကူညီမှုအသင်းတွင်အသုံးပြုနေသော လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅)
နေလင်း ၊ ညောင်လေးပင်၊
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိစံပြ ကျေးရွာတွင် နာရေးကူညီမှုများအ တွက် အသုံးပြုလျက်ရှိသော မော် တော်ယာဉ်နှစ်စီးအား ပြစ်မှုကြီးအ မှတ် ၁၄၇၁/၂ဝ၁၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)အရ ဧပြီ ၉ ရက်က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး မြင့်အောင်ပါ ခုနစ်ဦးအား ပြစ်ဒဏ် အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိ ရသည်။
ညောင်လေးပင်မြို့နယ် တော်ဝိ စံပြကျေးရွာတွင် နာရေးကူညီမှုကား အဖြစ် အသုံးပြုလျက်ရှိသော မေတ္တာ ရှင်လူမှုကူညီရေးကားနှင့် နိဗ္ဗာန် ယာဉ်ကားနှစ်စီးသည် လိုင်စင်မဲ့ကား များဖြစ်ကြပြီး တော်ဝိကျေးရွာနေ မြင့် အောင်၊ စိန်ဝင်း၊ မြင့်လွင်၊ ကြည်ဌေး၊ အောင်မြင့်၊ ဌေးလွင်၊ ဝင်းမောင်တို့ ခုနစ်ဦးက တရားမဝင် ဝယ်ယူထား ကြောင်း တော်ဝိကျေးရွာမှ ဦးတင်မြင့် က အရေးယူပေးပါရန် မတ်၁ဝရက် က တိုင်ကြားချက်အရ ညောင်လေးပင် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသက် လွင်နှင့်အဖွဲ့က သွားရောက်စစ် ဆေးရာ လိုင်စင်မဲ့ကားများဖြစ်နေ၍ မော်တော်ယာဉ်နှစ်စီးနှင့် မြင့်အောင် ပါ ခုနစ်ဦးအား ညောင်လေးပင်မြို့မ ရဲစခန်းက အမှုအမှတ် ၇၆/၂ဝ၁၄ပို့ ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁ဝ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၇ ရက်တွင် ညောင်လေး ပင်မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ညောင်လေးပင်မြို့နယ် တရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၄၇၁/၂ဝ၁၄ ဖြင့် ဧပြီ ၉ ရက်က လက်ခံစစ်ဆေးခဲ့ပြီး တရားမဝင်ဝယ် ယူထားသူများဖြစ်ကြသော မြင့် အောင်ပါ ခုနစ်ဦးအား ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ် ခုနစ်ရက်စီနှင့် ငွေဒဏ်ကျပ် ၂ဝဝဝဝ စီပေးဆောင်ရန်နှင့် ငွေဒဏ်ပျက်ကွက် ပါက နောက်ထပ်ထောင်ဒဏ်ခြောက် လစီ ကျခံစေရန် အမိန့်ချမှတ်ကာ သက်သေခံယာဉ်နှစ်စီးအား ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အ မိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
တရားခံများက ငွေဒဏ်များပေး ဆောင်ခဲ့ပြီး တရားခံများအား နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော် သူနှင့်အဖွဲ့က လာရောက်၍ စာနာ ထောက်ထားကြောင်းနှင့် အားပေး ကူညီမှုများ ပြုလုပ်ပေးခဲ့သည်။
Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.