ငြိမ်းချမ်းရေးဆွေးနွေးနေဆဲကာလမှာ သူပုန်တွေအပါအ၀င် ဆက်စပ်နေသူတွေ မြို့ ပေါ်မှာ အကြောင်းအမျိုးမျိုးးကြောင့် ဥဒဟိုသွားလာနေကြပါတယ်။
ဒီအထဲမှာ သူပုန်ယန္တယားတပ်က သံချပ်ကာယာဉ်တွေလည်း ပါဝင်ပါတယ်။
သတင်းနှင့်ဓာတ်ပုံများ - မန်းမျိုးမြင့်(မီဒီယာ)
အခုတွေရတာကတော့ ဒီလ ၈ ရက်နေ့ ကရင်ပြည်နယ် မြ၀တီမြို့မှာကျင်းပတဲ့ အလှူ တော်တခုမှာ လာရောက်လုပ်အားပေး ကုသိုလ်ပြုတဲ့ သံချပ်ကာ(၆)စီးဖြစ်ပါတယ်။
အရင်က အခြေနေတွေအရဆိုရင် သူတို့လည်းမြို့ပေါ်တက်လာဘို့ အခြေအနေ မပေးသလောက်ပါပဲ။
ကရင်ပြည်နယ်အတွင်းမှာ အရင်ကဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ပဋိပက္ခ စစ်ပွဲတွေမှာ သူပုန်တွေအတွက် စစ်ရေးအထောက်အကူပြုတဲ့အထဲမှာ သူတို့တတွေလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။
သူတို့နဲ့ဆက်စပ်နေတဲ့ မနုဿတချို့လို မြို့ကြီးပေါ်မှာ ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ကိုယ့်အလုပ်ကိုယ် မေ့သွားမှာကို တချို့က စိုးရိမ်နေကြပါတယ်။
သူပုန်တွေကတော့ သူတို့ကိုသက်ရှိသံချပ်ကာယာဉ်လို့ တင်စားကြပါတယ်။
သူပုန်တွေရဲ့ တပ်ရင်းတပ်ဖွဲ့တိုင်းမှာ သက်ရှိသံချပ်ကာယာဉ် အသုံးပြုမှုတွေကတော့ ဒီကနေ့အထိ ခေတ်မီနေဆဲပါပဲ။
သံချပ်ကာယာဉ်လိုပဲ ကြံ့ခိုင်မှုအားကောင်းတဲ့အတွက် ဒီလို တင်စားချက်က သင့်တော်လှပါတယ်။
Aye Chan Mon# Credit To : Irrawaddy Blog > ပြန်လည် မျဝေခြင်း ဖြစ်ပါသည် (5 photos)




Post a Comment