0
၂၀၁၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် တေးသံရှင် ဇော်ဝင်းထွဋ် နှင့် အခြားတေးသံရှင်များစွာ ပါဝင်ဆင်နွှဲကြမည့် ၈ မိုင် မြိုင်ဟေ၀န်ပန်းခြံ ထဲမှ မြန်မာ့ရိုးရာ ရေသဘင်ပျော်ပွဲရွှင်ပွဲအကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီ က လေဆိပ်အနီးရှိ friendship စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရေသဘင်ပွဲကို အကြို ၊ အကျ ၊ အကြတ်၊ အတက် ၄ ရက် စလုံးရေသဘင်ပွဲဆင်နွှဲမည်ဖြစ်ပြီး ဂီတအမျိုးအစား စုံလင်စွာပါရှိသော ဂီတပွဲတော်လည်း ပါဝင်မည် ဖြစ်ကာ ပန်းခြံအတွင်းတွင် မိသားစုများ ဂီတသံစဉ်များခံစားရင်း ရေသဘင်ပွဲဆင်နွှဲနိုင်စေရန် ရည်ရွယ်၍ အကျွေးအမွေး အစားအသောက်များလည်း စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ရေသဘင်ပွဲသို့  အခကြေးငွေများစွာ သတ်မှတ်မထားဘဲ မိသားစုများ အေးအေးဆေးဆေး ပျော်ပါးနိုင်စေရန် ရည်ရွယ်၍ ပန်းခြံဝင်ကြေးထက်များစွာ မပိုသော နှုန်းထားဖြင့် ၀င်ရောက်ဆော့ကစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

YY

Aye Chan Mon# Credit To : Popular Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
12

Post a Comment

 
Top