(အယ်ဒီတာထံ ပေးစာ)
အယ်ဒီတာထံပေးစာအနေနဲ့ တစ်ကြိမ်မှ စာရေးပြီးပေးပို့ခဲ့တာ မရှိခဲ့ဖူးပါဘူး။ သတင်းထောက်မဟုတ်တဲ့ အရပ်သူအရပ်သား ကျွန်မတို့ အဖို့ နိစ္စဓူဝနီးပါးရင်ဆိုင်နေရတဲ့ ဒုက္ခလို့ ပြောရမလားပြဿနာလို့ပြောရမလားပဲ။ ကြုံတွေ့နေ ရတာကို အစိုးရသိဖို့ ဘယ်လိုပြောပြရမလဲ။ ကျွန်မတို့ရင်ဆိုင်နေရတာကို ဘယ်သူလာဖြေရှင်း ပေးနိုင်မလဲ။
ဖုန်း နဲ့တိုင်လို့ရတယ်ဆိုလို့ တချို့က တိုင်ကြတယ်။ ဒါပေမဲ့ ဘာမှပြောင်းလဲ မလာပါဘူး။ ဒါကြောင့် ကျွန်မတို့ ကြုံတွေ့နေရတာကို အစိုးရ တစ်နည်းတစ်ဖုံနဲ့ ကြားနိုင် သိနိုင်အောင် အယ်ဒီတာထံပေးစာ ကတစ်ဆင့် ရေးပြီးပေးပို့ လိုက်ရတာပါ။
ကျွန်မကတော့ ကမာရွတ်မြို့နယ် လှည်း တန်းမှာနေတဲ့သူတစ်ဦးပါ။ ကျွန်မအလုပ်လုပ်တဲ့ ကုမ္ပဏီက ကျောက်တံတားမြို့နယ် ၃၆ လမ်း အပေါ်ဘလောက်မှာရှိ ပါ တယ်။ နေ့စဉ် လှည်း တန်းကနေ ၄၈ အထူးနဲ့ ၁၂၄ မြောက်ပိုင်း ခရိုင်ကားတို့ကိုစီးပြီး ရုံးတက်လေ့ရှိပါတယ်။ ဆူး လေဘုရားအနီးမှာ ကားရပ်နားဂိတ်ရှိတဲ့အတွက် အလုပ် ကို တစ်ဘလောက်ပဲလမ်းလျှောက်ရလို့ အလွန်အဆင်ပြေခဲ့ပါတယ်။
ဒါပေမဲ့ မဟာဗန္ဓုလ လမ်းကျပ်တောက်တာကို အကြောင်းပြုပြီး ဖေ ဖော်ဝါရီ လနှောင်းပိုင်းလောက် ကစပြီးတော့ ၄၈ အထူးနဲ့ ၁၂၄ မြောက်ပိုင်းခရိုင် ကားအတော်များ များဟာ အနော်ရထာ လမ်းက မမောင်းတော့ဘဲ ကမ်းနားလမ်းကနေပဲ မောင်းလာကြပါတော့ တယ်။ စံပြ မှတ်တိုင် ရပ်နားပြီးရင် အနော်ရထာ ကိုမဝင်တော့ဘဲ ကမ်းနားလမ်းကို မောင်းချလာပါ တယ်။
လမ်းကျပ်လို့ ကမ်းနားလမ်းက မောင်းမှာ ဖြစ်တဲ့အကြောင်းလည်း ဘယ်သောအခါမျှ ခရီး သည်ကို အသိပေးတာမရှိခဲ့ပါဘူး။ လမ်းကြောင်း မှန် မမောင်းတာကို တစ်ကြိ မ်နှစ်ကြိမ်ခံရဖူးတဲ့ ခရီးသည်ကသာ ကားကို ကမ်းနားလမ်းက မောင်းတော့မယ်ဆိုတာသိပေမယ့် မသိသူတချို့ ကတော့ ၁၅ လမ်း၊ မောင်ခိုင်မှတ်တိုင် ဆင်းမယ့် သူတွေ ဘယ်နားမှာရပ်ပေးမယ်လို့ ကားစပယ် ယာအော်မှ ဘယ်နားကမောင်းနေတာလဲ ဆိုပြီး အော်ဟစ်မေးကြနဲ့ စပယ်ယာနဲ့ စကားများကြပါတယ်။
ဒီလိုစကားများတိုင်း လမ်းကြောင်းအမှန် မမောင်းနှင်ဘဲ ကြုံရာမှတ်တိုင်မှာ ကားရပ်ပေးနေ တဲ့အဖြစ်ကို စပယ်ယာနဲ့ ဒါရိုင်ဘာ အများစုက အမှားလို့ မယူဆပါဘူး။ မကြိုက်ရင် မစီးနဲ့ဆိုတဲ့ သဘောမျိုးနဲ့ ခရီးသည်ကို အမနာပပြန်လည် ပြောဆိုကြပါတယ်။ အချို့ခရီးသည်များက ပြသာနာ မဖြစ်ချင်လို့ ခွန်းတုံ့မပြန်ဘဲ ကားရပ်ပေး တဲ့နေရာမှာ ဆင်းကြရှာပါတယ်။
ဒီလိုကမ်းနားလမ်းကနေ လမ်းကြောင်း ပြောင်းမောင်းတဲ့ ၄၈ အထူးနဲ့ ၁၂၄ မြောက်ပိုင်း ခရိုင်ကားတချို့ ယခင်နှစ်လောက်ကတည်းက ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆူးေ လေ အာက်လမ်းကနေ ပြန်တက်လာပြီး ဆူးလေမှတ်တိုင်အမှန်ကို ယခင် ကရပ်ပေးလေ့ရှိခဲ့ပါတယ်။ ယခုတော့ ကားတော် တော်များများ မရပ်တော့ပါဘူး။ ကမ်းနား လမ်းနဲ့ ဆူးလေ လမ်းဆုံရာမီးပွိုင့်မှာ ခရီးသည်ကို ဆင်းခိုင်းပါတယ်။
ပြီးရင်တော့ ကမ်းနားလမ်းကနေ တောက်လျှောက်မောင်းပါတော့တယ်။ ဆူးလေ မှတ်တိုင်မှာဆင်းမယ့် ခရီး သည်က တစ်ခါတလေ အယောက် ၂ဝ ခန့်ရှိပါတယ်။ ဒါကို ကမ်းနား လမ်းနဲ့ ဆူးလေလမ်းဆုံရာမီးပွိုင့်မှာ ဆင်းခိုင်းတဲ့ အတွက် စပယ်ယာ၊ ဒါရိုင်ဘာတို့နဲ့ စကားများ ရန် ဖြ စ်ပြီး ကားက မီးပွိုင့်မှာမထွက်နိုင်လို့ နောက် ကားများက ဟွန်းတီးအချက်ပေးတာတွေ လုပ် ကြပါတယ်။
မနက်စောစောစီးစီးအလုပ်မဝင်ခင် စိတ်မညစ်လိုတဲ့ ကျွန်မ တို့အဖို့ အရှုံးပေးပြီး ကား အဆင်ပြေသလို ရပ်ပေးတဲ့နေရာကနေ ဆင်းကြရတာပါပဲ။
ကျွန်မတို့တွေ့ကြုံနေရတဲ့ ကားလမ်းကြောင်း အမှန်မမောင်းနှင်ဘဲ ကြုံရာရပ်ပေးနေတဲ့ ကား တွေအပေါ် အစိုးရပိုင်းက ဘယ်သူတွေ တာဝန် ယူဖြေရှင်းပေးနိုင်မလဲ။ အရေး ယူပေးမလဲ။ ဖြေ ရှင်းပေးဖို့ အရေးယူပေးဖို့ လိုအပ်နေတဲ့အတွက် ဒီနေရာကနေ ရေးသားတင်ပြလိုက်ရပါတယ်။
မနီတာ၊ စမ်းချောင်း
Aye Chan Mon# Credit To : Popular Myanmar News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.