0


အောင်ဟိန်းခိုင် ၊ ဧပြီ ၁၈ ( ref : telegraph)

ကိုရီယားကျွန်းဆွယ် အနောက်တောင်ဘက် တွင် နစ်မြုပ်လျက်ရှိသော သင်္ဘောပေါ်တွင် ပိတ်မိနေသော ကျောင်းသားများ၏ လက်ထောက်ကျောင်းအုပ်ဆရာသည် ကယ်ဆယ်ရေးသမားများနှင့်တွေ့ရှိကာ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ယနေ့ သောကြာနေ့ မနက်ပိုင်းမှာတော့ ယာယီကယ်ဆယ်ရေးစခန်းအနီးတွင် သေဆုံးလျက်တွေ့ရှိခဲ့သည်။

မီဒီယာများကို တရာဝင်ထုတ်ပြန်ပြောကြားမှု တစ်စုံတစ်ရာ မရှိသေးသော်လည်း ယာယီကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေသော မီဒီယာများ၏ပြောကြားချက်အရ အသက် ၅၂ နှစ် အရွယ်ရှိ လက်ထောက် ကျောင်းအုပ် ကမ်မင်ကျူ သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။ သင်္ဘောနစ်မြုပ်ရာ နေရာ၏ အနီးတွင်တည်ရှိသော ဂျင်ဒိုကျွန်း ၏ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်များအရ ကမ်မင်ဂျူကို ယာယီကယ် ဆယ်ရေး စခန်းတည်ဆောက်ထားသော အားကစားခန်းမအနီးမှာ သေဆုံးလျက်တွေ့ရှိရသည်ဟုသာ ဖော်ပြထားသည်။ ကျောင်းသားကျောင်းသူအများစုပါဝင်သော လူပေါင်း ၂၆၈ ဦး ဇောက်ထိုးအနေအထားဖြင့် နစ်မြုပ် လျက်ရှိသော သင်္ဘောပေါ်တွင်နစ်မြုပ်နေချိန်ု၌ ကမ်မင်ဂျူတစ်ယောက် စိတ်ဖိစီးမှုများကိုမခံနိုင်တော့သည့်အဆုံး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ဖွယ်ရှိသည်။ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက " ကမ်မင်ဂျူ ဘာကြောင့် သေဆုံး ခဲ့ရသလဲဆိုတာ စုံစမ်းစစ်ဆေးနေတုံးပါ" ဟု ယာယီကယ်ဆယ်ရေးစခန်းကိုရောက်ရှိနေသော AFP သတင်းထောက်ကိုပြောကြားခဲ့သည်။ ကိုရီးယားအခြေစိုက် ယွန်ဟပ် သတင်းဌာန ကတော့ ကမ်မင်ဂျူကို ယာယီကယ်ဆယ်ရေးစခန်းအနီးမှာရှိတဲ့ သစ်ပင်တွင် သူ၏ခါးပတ်ကို အသုံးပြုကာ ကြိုးဆွဲချ သေဆုံးနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ လူပေါင်း ၄၇၅ ဦးစီးနင်းလိုက်ပါလာပြီး ဗုဒ္ဓဟူးနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခန့်တွင် စတင်နစ်မြုပ်ခဲ့သော တန်ချိန် ၆၈၂၅ အလေးချိန်ရှိ Sewol သင်္ဘောပေါ်တွင် တောင်ကိုရီယားနိုင်ငံမြို့တော် ဆိုးလ်မြို့ တောင်ဘက်ပိုင်းတွင်တည်ရှိသော အန်ဆန်မြို့၊ ဒန်ဝန် အထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၅၂ ဦးလိုက်ပါစီးနင်းခဲ့ခြင်းဖြစ်သည်။

Aye Chan Mon# Credit To : News Watch(စောင့်ကြည့်သတင်းဂျာနယ်) > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top