0

နောက်ဆုံးရေးသားချိန် 18 April 2014, 10:46 AEST

တောင်ကိုးရီးယားနိုင်ငံ အာဏာပိုင်တွေအနေနဲ့ နစ်မြုပ်သွားတဲ့ သင်္ဘောထဲကို ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သင်္ဘောထဲကို ဝင်ရောက်နိုင်ဖို့ ၁၀ ကြိမ်ထက်မနည်း ကြိုးစားကြပေမယ့် အောင်မြင်မှု မရခဲ့
ဇာတ်လမ်း တောင်ကိုရီးယား သင်္ဘော တိမ်းမှောက် အနည်းဆုံးလူ ၆ဦး သေ

သင်္ဘောနစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း ရာနဲ့ချီ ပျောက်ဆုံးနေပြီး နစ်မြုပ်နေတဲ့ သင်္ဘောထဲကို ဝင်ရောက်ဖို့ ကြိုးစားကြပေမယ့် ရာသီဥတုအခြေအနေ၊ ဒီရေအခြေအနေ၊ ရေစီးသန်မှု အပြင် ရေတွေ နောက်နေတဲ့အတွက် အခက်အခဲဖြစ်နေရပါတယ်။

တောင်ကိုးရီးယား ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေက သင်္ဘောထဲကို ဝင်ရောက်နိုင်ဖို့ ၁၀ ကြိမ်ထက်မနည်း ကြိုးစားကြပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

လေ့လာရေး ခရီးထွက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေ အများစု ပါဝင်တဲ့ အဲဒီသင်္ဘော ဘာကြောင့်နစ်မြုပ်သွားသလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောအတွင်းပိုင်းမှာ အသက်ရှင် ကျန်ရစ်သူ ရှိနိုင်တယ်လို့ ယူဆနေတဲ့အတွက် အသက်ရှုရလွယ်ကူအောင် အောက်ဆီဂျင် ဓာတ်ငွေ့တွေ ထည့်သွင်းပေးထားပါတယ်။

သင်္ဘောကပ္ပတိန်ကလည်း သင်္ဘောနစ်မြုပ်သွားတဲ့အပေါ် တောင်းပန်လိုက်ပါတယ်။

ကပ္ပတိန်ဖြစ်သူ Lee Joon-seok ကို ကမ်းခြေစောင့်တပ်တွေက စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။ သင်္ဘောပေါ် လိုက်ပါသွားသူတွေရဲ့ မိသားစုဝင်တွေကတော့ သင်္ဘော ကပ္ပတိန်က ကိုယ်လွတ်ရုံးပြီး သူတို့မိသားစုဝင်တွေရဲ့ အသက်ကို လစ်လျူရှုတယ်ဆိုပြီး အမျက်ဒေါသ ထွက်နေကြပါတယ်။

လူပေါင်း ၄၆၂ ယောက် စီးနင်းလာတဲ့ သင်္ဘောနစ်မြုပ်သွားတဲ့အတွက် ခုလောလောဆယ် လူ ၉ ဦး သေဆုံးပြီး အယောက် ၂၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Aye Chan Mon# Credit To : ABC Radio Australia > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top