နေပြည်တော်၊ မတ် ၂၆
လွှတ်တော်အတွင်း နေရာအများဆုံး အနိုင်ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီနှင့် လူထုထောက်ခံမှု အများဆုံး ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ နိုင်ငံရေးတွင် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီများ၏ ဥက္ကဋ္ဌ နှစ်ဦးက ပြောကြားသည်။
မတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အပြီးတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်း လုပ်ဆောင်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင် နှစ်များစွာအတွင်း ကြံ့ခိုင်ရေး ပါတီဝင် (သို့မဟုတ်) ကြံ့ခိုင်ရေး အသင်းဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များသည် ရန်သူလို သဘောဆောင်ခဲ့သော်လည်း လက်ရှိ နိုင်ငံရေး လုပ်ရာတွင် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။
နိုင်ငံနှင့် လူမျိုးတိုးတက်ရေးအတွက် ပါတီ၊ လူမျိုး၊ ဘာသာခွဲခြား၍ ဆက်ဆံသွားမည် မဟုတ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျွန်တော်တို့ ပါတီကလည်း အနိုင်ရအောင် ပြိုင်မှာပဲ” ဟု ဦးရွှေမန်းက တုံ့ပြန် ပြောဆိုသည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် လုပ်ဆောင်သွားရန် အဆိုပါတီ ဥက္ကဋ္ဌ နှစ်ဦးစလုံးက တိုက်တွန်းထားသည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.