0

ရဲလင်းထက် ၊ အောင်သူ(ဒေးဒရဲ) ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအ ကျင်းတွင် တပ်မတော်အခန်းကဏ္ဍကို တ ဖြည်းဖြည်းလျှော့ချသွားဖို့ ပြည်တွင်းပြည် ပနိုင်ငံရေး လှုပ်ရှားသူများက မျှော်လင့်နေ သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်း နေသော မြန်မာနိုင်ငံအတွက် တပ်မတော် အခန်းကဏ္ဍ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မတ် ၂၆ ရက်တွင် ကျရောက်သော သူ၏ သမ္မတသက်တမ်း သုံးနှစ်ပြည့်အထိမ်း အမှတ်မိန့်ခွန်းကို နေပြည်တော်ရှိ ပြည်ထောင် စုလွှတ်တော်ခန်းမ၌ ပြောကြားရာတွင် ယင်း သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန်က ''နိုင်ငံတော်ကာကွယ် ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါ တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မှာ တပ်မတော်အခန်းကဏ္ဍ ရှိနေဦးမှာဖြစ် ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံ ရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်း တွေမှာလဲ တပ်မတော်ဟာ ဆက်လက်ပါ ဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်''ဟု ယင်း မိန့်ခွန်းတွင် ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အနေ ဖြင့် တပ်မတော်၏အခန်းကဏ္ဍဆက်လက် ပါဝင်နေရမည်ဟု ပြောဆိုထားသော်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြော ဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဥက္ကဋ္ဌဦးခင်မောင်ဆွေက ''ရှဥ့်လဲ လျှောက်သာ ပျားလဲစွဲသာဆိုသလို တဖြည်း ဖြည်းချင်းလျှော့ချဖို့ အရင်ကတည်းက သ ဘောထား ထုတ်ပြန်ထားပြီးသားပါ။ ကာ လတိုအတွင်းမှာ သုညရာခိုင်နှုန်း ရောက်ရ မယ်ဆိုတာကတော့ မဖြစ်နိုင်သေးဘူး။ အ မျိုးသား နိုင်ငံရေးလုပ်ငန်းစဉ်ထဲက ငြိမ်း ချမ်းရေးတည်ဆောက်တဲ့ လုပ်ငန်းတွေမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကို ဖျောက်ထား လို့မရပါဘူး''ဟု ရန်ကုန်တိုင်မ်းဂျာနယ်သို့ ပြောသည်။
တပ်မတော်သည် တစ်ချိန်ချိန်မှာ တော့ နိုင်ငံတော်ကာကွယ်ရေးကို အပြည့် အဝ တာဝန်ယူဖို့အတွက် တဖြည်းဖြည်း ဖြင့် သူ၏မူလနေရာကို ပြန်သွားနိုင်သည် ဟု ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမြအေးက သုံးသပ် သည်။

Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top