0

မင်း ဟိန်း ထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

နိုင်ငံခြားသားများ အမြဲနေထိုင် ခွင့်(PR)စနစ်မူကြမ်းကို လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည် သူ့လွှတ်တော်သို့တင်ပြရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
မတ် ၂၄ရက်တွင်ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဗီဇာကိစ္စနဲ့ပတ်သက်ပြီး နည်း ဥပဒေထုတ်ပြန်ဖို့ ကိစ္စဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ ကို တင်ပြရမှာပါ''ဟု သူရဦးရွှေမန်း ကပြောသည်။

အဆိုပါနိုင်ငံခြားသားများ အမြဲ နေထိုင်ခွင့်(PR)စနစ်မူကြမ်းကို အမျိုး သားလွှတ်တော် ဥပဒေကြမ်းကော်မတီ သို့ ပဏာမအဆင့်ညှိနှိုင်းဆောင်ရွက် ထားကြောင်း၊ ထို့ပြင် မူကြမ်းကိုအခြေ ခံ၍ ရေးဆွဲထားသော နည်းဥပဒေကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြ ထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများ အမြဲနေ ထိုင်ခွင့်(PR)စနစ်မူကြမ်းကို အမေရိ ကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ တောင်အာဖရိကနှင့် ဥရောပနိုင်ငံအ ချို့၏စနစ်ကိုလေ့လာပြီး သမ္မတရုံးသို့ ၂ဝ၁၂ စက်တင်ဘာ ၁၉ရက်က မူကြမ်း တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါစနစ် ဖြစ်မြောက်ရေးအ တွက် စီမံခန့်ခွဲရေးကော်မတီကို ဒုတိယ သမ္မတဦးÓဏ်ထွန်း ဦးဆောင်ကာ အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။
မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့် လျှောက်ထားသူများကို ကဏ္ဍလေးမျိုး ခွဲ၍ သတ်မှတ်ထားပြီး ငါးနှစ်နေထိုင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ နေထိုင် ခွင့်ရသူသည် တစ်နှစ်လျှင်တစ်ကြိမ် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ သက် တမ်းမှတ်ပုံတင်အတည်ပြုနိုင်ရေး လာ ရောက်မှတ်ပုံတင်ရမည်ဖြစ်သည်။

Aye Chan Mon# Credit To :Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top