0


နေပြည်တော်၊ မတ် ၂၆

လွှတ်တော်အတွင်း မေးမြန်းသော မေးခွန်းများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်ဖြေဆိုရာတွင် ဝေ့လည်ကြောင်ပတ် မပြတ်မသား ဖြေဆိုနေမှုများ ရှိနေသောကြောင့် လွှတ်တော် အခွင့်အရေး ကော်မတီမှ အဖြေရှာပြီး လာမည့် ဒသမအကြိမ် လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယနေ့ ကျင်းပသော နဝမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်တွင် ၎င်းက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်က မေးတဲ့ မေးခွန်းတွေကို ဖြေဆိုခြင်း မဟုတ်ဘဲ သီအိုရီ သဘောအရ ဝေ့လည်ကြောင်ပတ် ဖြေဆိုနေတာ၊ တာဝန်ယူ တာဝန်ခံပြီး ဖြေဆိုမှု မရှိတာတွေကို ပြုပြင်သင့်ကြောင်း (လွှတ်တော် ကိုယ်စားလှယ်တွေက) ပြောနေတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ အကြားတွင် မေးခွန်းနှင့် အဖြေများ အပေါ် ကျေနပ်မှု မရှိသည်ကို တွေ့မြင်နေရကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် လွှတ်တော်နှင့် အစိုးရ အဖွဲ့အစည်းများကြား ကွာဟမှုများ ရှိမရှိကို လွှတ်တော် အခွင့်အရေး ကော်မတီက စိစစ်၍ တင်ပြသွားရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း တိုက်တွန်းခဲ့သည်။

နဝမအကြိမ် အစည်းအဝေးကို ၇၃ ရက်ကြာ ကျင်းပခဲ့ပြီး ဒသမအကြိမ် အစည်းအဝေးကို မေလ တတိယပတ်တွင် ပြန်လည် ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top