0

သော်ဇင်ထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

နိုင်ငံခြားသာခရီးသည်များအတွက် ရထားလက် မှတ်ခ နှုန်းထားများကို ဧပြီတစ်ရက်နေ့မှ စတင်ကာ မြန်မာ နိုင်ငံသားများ စီးနင်းခနှုန်းထားအတိုင်း မြန်မာကျပ်ငွေ ဖြင့်သာ ကောက်ခံသွားတော့မည်ဖြစ်ကြောင်း မြန်မာ့မီး ရထား တိုင်းအမှတ်(၇)မှ လက်ထောက် အထွေအထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားလိုက်သည်။

မီးရထားစီး နိုင်ငံခြားသား ခရီးသွားများကို ယခင် က ဒေါ်လာနှင့်သာ ရောင်းချခဲ့ပြီး ယခုအခါ ဈေးနှုန်း လျှော့ချပြီး ရထားလက်မှတ်ကို မြန်မာငွေဖြင့် ပြောင်းလဲ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားများအတွက် ရထားစီးနင်းခနှုန်း ထားမှာ ရန်ကုန်-မန္တလေး ရထားစီးနင်းခတွင် ယခင် ရိုးရိုးတန်း ၁၁ ဒေါ်လာမှ မြန်မာကျပ် ငွေ ၄၆၅ဝ သို့ လည်ကောင်း၊ အထူးတန်း ဒေါ်လာ ၃ဝ မှ မြန်မာကျပ်ငွေ ၉၃ဝဝ သို့လည်းကောင်း၊ မြို့ပတ်ရထားစီနင်းခနှုန်းထား များသည်လည်း ယခင်တစ်ဒေါ်လာနှင့် နှစ်ဒေါ်လာမှ မြန်မာကျပ်ငွေများဖြင့်သာ ပေးဆောင်ရတော့မည်ဖြစ် သည့်အတွက် များစွာသက်သာသွားမည်ဖြစ်သည်။

မြန်မာ့မီးရထားတိုင်း အမှတ်(၇)မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ''နိုင်ငံခြားသား တွေကို မြန်မာပြည်ခရီးသည်တွေအတိုင်း လက်မှတ်ခ တွေကို ပြောင်းလဲရောင်းချသွားမှာပါ။ သူတို့တွေအတွက် အများကြီး သက်သွားတာပေါ့။ ဒါကလဲ နိုင်ငံတကာလို ကျင့်သုံးတာပါ''ဟု ပြောသည်။

နိုင်ငံခြားငွေလဲကောင်တာများ ထားရှိမှုများလာ ခြင်းကြောင့် နိုင်ငံခြားသားများအနေဖြင့် မြန်မာကျပ်ငွေ လဲလှယ်နိုင်မှု ပိုမိုလွယ်ကူလာနိုင်ခြင်း၊ ဒေါ်လာငွေကို မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် ထိန်းသိမ်းရ ခက်ခဲ ခြင်း၊ ယခုကဲ့သို့ မြန်မာကျပ်ငွေဖြင့် နိုင်ငံသားနှုန်းထားအ တိုင်း ပြောင်းလဲခြင်းသည် နိုင်ငံတကာနည်းတူ လုပ်ဆောင် ခြင်းပင်ဖြစ်ကြောင်း ယင်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံခြားခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေသူတစ်ဦးက ''အခုလို နိုင်ငံခြားသားတွေ ကို ကိုယ့်တိုင်းပြည်ကသူတွေနဲ့ တစ်တန်းတည်းထား ကောက် ခံတော့မယ်ဆိုတာ အင်မတန်ကောင်းတဲ့ အစီအစဉ်တစ် ရပ် ဖြစ်ပါတယ်။ နိုင်ငံတကာမှာလဲ ဒီလိုတွေလုပ်ဆောင် ပါတယ်။ တချို့နိုင်ငံခြားသားတွေက မီးရထားကို သီးသန့် စီးချင်လို့ ခရီးစဉ်ဆွဲတာမျိုးတွေ ရှိတယ်။ ဒါဟာ တစ်ဖက် တစ်လမ်းကနေ ခရီးသွားလုပ်ငန်းကို အကျိုးပြုတယ်လို့ မြင်ပါတယ်''ဟု ပြောကြားခဲ့သည်။

နိုင်ငံခြားသား ခရီးသွားများ မီးရထားစီးနင်းသူဦး ရေမှာ နှစ်စဉ် ရန်ကုန်ဘူတာကြီးမှ စီးနင်းသူဦးရေ တစ် သိန်းကျော်ရှိပြီး မြို့ပတ်ရထားစီးနင်းသူဦးရေ နှစ်သိန်း ကျော်ရှိကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇)၏ စစ် တမ်းများအရ သိရသည်။

Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top