0


Sunday, 08 December 2013

မြန်မာနိုင်ငံ၌ကျင်းပမည့် SEA Games ပွဲတော်ကြီးကို လာရောက်ကြမည့် နိုင်ငံခြားသား ခရီး သွားဧည့်သည်များ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းရှင်များနှင့် အများပြည်သူ များအတွက် အမေရိကန် နိုင်ငံ၏ အကြီးမားဆုံး ငွေပေးချေမှု ကွန်ရက် Visa နှင့် CB Bank တို့ ပူးပေါင်းကာ နိုင်ငံခြားငွေ သုံးမျိုးသုံးကို ငွေပေးချေနိုင်သည့် Easi Travel Visa Card ကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ပထမဆုံး ထုတ်ဝေခဲ့ရာ သက်ဆိုင်ရာCB Bank များ၌ လာရောက် ပြုလုပ်သူ များပြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ Card အသုံးပြုသူများသည် နီးစပ်ရာ CB Bank များတွင် လျှောက်လွှာ ပုံစံဖြည့်စွက်ပြီးEasi Travel Visa Card ထဲသို့ အနည်းဆုံး အမေရိကန် ဒေါ်လာ၅ဝ မှ အများဆုံး အမေရိကန်ဒေါ်လာ ၅ဝဝဝ အထိ ဖြည့်သွင်းမည်ဆိုလျှင် ချက်ချင်း USD (30) တန်ဖိုးရှိ ခရီးဆောင် အိတ် တစ်လုံး လက်ဆောင် ရရှိမည်ဖြစ်ပြီး ထိုကတ်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ငွေပေး ချေမှုများကို နိုင်ငံပေါင်း ၂ဝဝကျော်ရှိ Visa Card လက်ခံသော POS သန်းပေါင်း များစွာတွင် ငွေပေး ချေနိုင် ပြီး ATM ပေါင်း နှစ်သန်းကျော်တွင် ငွေသား ထုတ်ယူမှု စနစ်များ ပြုလုပ် နိုင်သည့်အပြင် အွန်လိုင်း မှလည်း ဈေးဝယ် နိုင်ကြောင်း သိရသည်။

''ကျွန်မသားကြီးက စင်ကာပူမှာကျောင်းတက်နေပါတယ်။ CB Bank ကနေပြီး ဒီစနစ်နဲ့ မြန်မာငွေပို့လိုက်တာ ဟိုမှာ စင်ကာပူ ဒေါ်လာ ပြန်ထုတ်ယူ နိုင်တဲ့အတွက် ငွေလွှဲစရာ မလိုဘဲ အဆင်ပြေပါတယ်။ နောက်ပြီး ကလေးအနေနဲ့ ပိုက်ဆံကို လက်ဝယ်ကိုင်စရာမလိုဘဲ ဈေးဝယ် တာတွေ၊ ကျောင်းလခတွေနဲ့ တခြား အသုံးစရိတ်တွေကိုလည်း ဒီကတ်တစ်ခုတည်းနဲ့ အသုံးပြု နိုင်တဲ့အတွက် အဆင်ပြေပြီး ငွေလိုအပ်ရင်လည်း ဒီကနေ လှမ်းထည့် ပေးလို့ရတဲ့အတွက် အဆင်ပြေ ပါတယ်'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်ဌေးဌေးက ပြောကြားခဲ့သည်။ ထိုကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ် စင်တာများတွင် ငွေပေး ချေနိုင် သည့် အပြင်လုံခြုံမှု အနေဖြင့် နိုင်ငံခြားငွေ လဲလှယ်ရာတွင် ပေါ်ပေါက်လျက်ရှိသော ဆုံးရှုံးမှု များကို ကာကွယ်နိုင်ပြီး Chip နှင့် Pin စနစ်များကို အသုံးပြု ထားသောကြောင့် လုံခြုံ စိတ်ချစွာ အသုံးပြုနိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေမှု စီးပွားရေးစနစ် တစ်ခုဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
4

Post a Comment

 
Top