ချွေးပေါက်တွေကျယ်တာကို အဆီပြန်တဲ့မျက်နှာတွေမှာ အဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ ချွေးပေါက်တွေက ပိုကျယ်လာတတ်ပါတယ်။
ချွေးပေါက်ကျဉ်းစေတဲ့ နည်းလမ်းအမျိုးမျိုးရှိပြီး သဘာဝကုထုံးတွေကလဲ အသင့်ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းတွေလိုပဲ အစွမ်းရှိပြီး ငွေကုန်ကြေးကျလဲ သက်သာပါတယ်။ ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေကြတဲ့သူတိုင်း အမျိုးသားရော အမျိုးသမီးပါ လိုက်လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေကို ကျနော်တို့ ကျန်းမာရေးသတင်းများစာမျက်နှာကနေ မျှဝေပေးလိုက်ပါတယ်။
နည်းလမ်း (၁)
ကြက်ဥအနှစ်၊ ဗီနီဂါ ရှာလကာရည် သို့ သံပုရာရည်တို့ ရောစပ်ထားတဲ့ Mayonnaise သုံးစွဲတာပါ။ Mayonnaise ထဲကို ကြိုက်ရာ ဆေးဖက်ဝင် သဘာဝပစ္စည်းတွေ (ဥပမာ-ပျားရည်လို) လဲ ထပ်ထည့်လို့ရပါတယ်။ အဲဒီ Mayonnaise အနှစ်ရည်ကို မျက်နှာပေါ် လိမ်းပေးတာပါပဲ။ ရေမချိုးခင် Mayonnaise စတီးဇွန်း တစ်ဇွန်းစာလောက် လိမ်းပြီး မိနစ် ၂၀ လောက် ထားလိုက်ပါ။ ရေချိုးခါနီးတိုင်း မငြီးမငွေ့ လုပ်ကြည့်ရမှာပေါ့နော်။ ဒီနေ့နက်ဖြန် မသိသာသလိုနဲ့ တဖြည်းဖြည်း ချွေးပေါက်တွေ ကျဉ်းလာမှာပါတဲ့။ အရမ်း အဆီပြန်တဲ့သူတွေအတွက်တော့ သိပ်မထိရောက်ဘူးလို့လဲ ပြောထားပါတယ်။
နည်းလမ်း(၂)
ပျားရည်၊ သံပုရာသီး၊ ပန်းသီး၊ ဒိန်ချဉ်တွေ ရောစပ်ပြီး မျက်နှာဖုံးကပ်သလို လုပ်ရမယ့်နည်းပါ။ ဒီနည်းကတော့ ညအိပ်ရာဝင်ချိန် လုပ်ရင် ပိုကောင်းပါတယ်။ ပန်းသီးစိပ် ၁ စိပ်၊ ဒိန်ချဉ် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ သံပုရာရည် ၁ ဇွန်းစာ လိုပါတယ်။ အဲဒါတွေအားလုံး ရောသမမွှေလိုက်ပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြာလောက်ထိ လိမ်းထားပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ပေါ့လေ။ ဒီနည်းကလဲ မျက်နှာအသားရေကို ပိုပြီးလဲ ချောမွေ့စေပါတယ်။
နည်းလမ်း(၃)
နောက်ထပ်အလွယ်နည်းတစ်ခုလဲ ပြောပြဦးမယ်နော်။ အဲဒါကတော့ သံပုရာသီးပဲ ရှာထားဖို့လိုမယ်။ သံပုရာရည် ညှစ်၊ ရေနဲနဲတော့ ရောလိုက်ဦး။ အဲဒီအရည်လေးကို ဂွမ်းစလေးနဲ့ မျက်နှာပေါ် လိုက်သုတ်ပေးရမှာပါ။ နာရီဝက်လောက်တော့ စိတ်ရှည်ရှည်ထား စောင့်ပါနော်။ မျက်စိထဲဝင်ရင် စပ်မှာစိုးလို့ သတိထားပြီး လိမ်းဦး။ အချိန်စေ့ရင်တော့ ရေအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ပြီးလျှင် PRAEL Skincare လေးကိုသာ လိမ်းထားလိုက်ပါ။
နည်းလမ်း(၄)
ခွက်ကလေးတစ်ခုထဲ ကိုယ်သုံးနေကျ facial cream ထဲကို သံပုရာရည် နဲနဲ ညှစ်ထည့်ပြီး ရောမွှေလိုက်ပါ။ မျက်နှာပေါ် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် လိမ်းထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပြီး လိမ်းထားတာတွေ ဆေးချလိုက်တာကလဲ နောက်ထပ်တစ်နည်းပေါ့။
နည်းလမ်း(၅)
သင်္ဘောသီးကလဲ ချွေးပေါက်ကျယ်တာ သက်သာစေတဲ့ အစွမ်းရှိပါတယ်။ မျက်နှာ အရင်သစ်လိုက်။ ပြီးရင် သဘောသီးခွံ အတွင်းဖက်ပိုင်းနဲ့ မျက်နှာကို လိုက်ပွတ်ပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီး ရေခပ်နွေးနွေးနဲ့ မျက်နှာပြန်သစ်ချလိုက်ပါ။ ဒီနည်းက ၀က်ခြံတွေ မျက်နှာမှာ ပေါက်နေရင်လဲ သက်သာစေနိုင်ပါတယ် တဲ့။
နည်းလမ်း(၆)
သခွားသီး+ ပန်းသီး+ ကြက်ဥ+နို့မှုန့်တို့နဲ့ မျက်နှာဖုံးလုပ်ပြီး လိမ်းတဲ့နည်းလဲ ရှိပါသေးတယ်။ ကြက်ဥတစ်လုံးကို နို့မှုန့် ၁ ဇွန်းထည့်ပြီး မွှေစက်နဲ့မွှေ၊ အဲဒီထဲကို လှီးထား စိပ်ထားတဲ့ သခွားသီးစိပ်။ ပန်းသီးစိပ်လဲ ထပ်ထည့်မွှေ။ အနှစ်ရသွားပြီဆိုရင် မျက်နှာပေါ် ၁၅ မိနစ်လောက် လိမ်းထား။ ပေါင်းတင်လိုက်သလိုပေါ့။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပြီး ခွာလိုက်ပါ တဲ့။
ကဲ လွယ်တယ်မလား။ ချွေးပေါက်ကျဉ်းပြီး ချောမွေ့တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
စောနွဲ့နေဆိုင်(ပူတာအို)
Post a Comment