0

[ Ref: Agerices/ACSP ၊ ၀ါရှင်တန် ၊ ဒီဇင်ဘာ ၅ ]

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ NSA သည် ကမ္ဘာအနှံ့ရှိ ဆဲလ်ဖုန်းတည်နေ ရာအချက်အလက်ပေါင်း ငါးဘီ လီယံမျှ ရှာဖွေစုဆောင်းနေကြောင်း စနိုဒင်၏နောက်ဆုံးယိုစိမ့်ထွက် ပေါ်လာသောသတင်းများကို ကိုး ကား၍ ဝါရှင်တန်ပို့စ်မှ ဗုဒ္ဓဟူး နေ့က ရေးသားခဲ့သည်။ထိုသို့ဆဲလ်ဖုန်းများရှိရာ ခြေရာကောက်ခြင်းဖြင့် ကမ္ဘာအနှံ့ရှိ ဆဲလ်ဖုန်းအသုံးပြုသူများ၏ လှုပ်ရှားမှုများကို နေသားတကျ ဆက်စပ်ယူနိုင်ကြောင်း၊ လူများ၏ လှုပ်ရှားမှုများ ထွေးရောယှက်တင် ဖြစ်နေရာတွင် သိပြီးသားထောက် လှမ်းရေး ပစ်မှတ်များကိုအခြေခံပြီး မသိရ သေးသောအပေါင်းပါများကို Co. Traveler
ဟုအမည်ပေးထားသော သရုပ် ခွဲနည်းကိုအသုံးပြုခဲ့သည်ဟု သိ ရသည်။

မှတ်တမ်းများ၏ သေးငယ် သောအစိတ်အပိုင်းဖြစ်သည့် တစ်ရာခိုင်နှုန်းကိုမျှ ကြိုတင်မသိ သော NSA သည် လိုသည်ထက် ပိုပြီး သတင်းအချက်အလက် ၂ရတီယာဘိုက်အထိ စုဆောင်း ခဲ့ကြောင်း၊ ထိုပမာဏသည် ကွန်ဂ ရက်စာကြည့်တိုက်၏ ပုံနှိပ်မှတ် တမ်းထက်နှစ်ဆပိုကြောင်း သိရ သည်။
ကမ္ဘာအနှံ့ရှိ ကေဘယ်လ် ကြိုးများနှင့် မိုဘိုင်းကွန်ရက်တို့ အား ကြားဖြတ်နားထောင်ကိရိ ယာတပ်ဆင်ရာတွင် အမေရိကန် ဆဲလ်ဖုန်းများနှင့် ပင်လယ်ရပ်ခြား မှ ဖုန်းများပါ ပါရှိကြောင်း အမည် မဖော်သော်လည်း အေဂျင်စီခွင့် ပြုချက်ဖြင့် သတင်းစုဆောင်းသူ မန်နေဂျာတစ်ဦးက ထုတ်ဖော် ပြောသည်။

အေးချမ်းမွန် Credit To > Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top