iPhone နဲ့ Android ဖုန်းတို့ ချိတ်ဆက်ပြီး အချက်အလက် ပို့လို့ရမယ့် ပစ္စည်းလေးကို PhotoFast ကုမ္မဏီမှ ထုတ်လုပ် လိုက်ပါတယ်။ i-FlashDriveHD လို့အမည်ပေးထားပြီး internal storage ပါတဲ့ Drive တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်အုံးမှာ ဖြစ်ပါတယ်။
iOS အတွက် နဲ့ Android OS အတွက် app များကို အခဲ့မဲ့ ရယူနိုင်ပြီး ကိုယ် အချက်အလက် ပြောင်းချင်တဲ့ ဖုန်း ၂ လုံးစလုံးမှာ ထည့်သွင်း run ရပါအုံးမယ်။ ပြီးရင် အသုံးပြုနိုင်ပါပြီ။ Phone content တွေကို ပြောင်းရွှေ့ ခြင်း အပြင်၊ Data မျိုးစုံကို ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 4S ဗားရှင်းအထိ connector အကြီးခေါင်းရှိပြီး iPhone 5 နဲ့ နောက်ထွက်ဖုန်းများအတွက် Lightening connector အသုံးပြုထားပေးမှုကို မြင်တွေ့ရမှာ ဖြစ် ပါတယ်။ အပိုင်း ၃ ပိုင်း ရှိပြီး ကွန်ပြူတာ USB နဲ့တောင် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
ယခုလို အသုံးပြုလို့ Fashion စုံမယ့် ပစ္စည်း အတွက် ဈေးကလည်း မနည်းပါဘူး။ 16GB အတွက် အမေရိကန်ဒေါ်လာ ၁၇၀၊ 32 GB အတွက် ကန်ဒေါ်လာ ၂၃၀၊ 64GB အတွက် 330 ဒေါ်လာအတိ ဈေးနှုန်း အထိ သတ်မှတ်ထားပြီး ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Smart Pro Journal
Post a Comment