0


မျိုးသန့်|ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့၌ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်မှုများဖြစ်ပွားနေရာ လူပြတ်လပ်သောနေရာများတွင် လုယက် မှုများလျော့နည်းစေရန် ဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ မှူးရုံးမှ ထုတ်ပြန်သည်။

လုယက်မှုများကို ညပိုင်းအချိန်၊ လူပြတ်လပ်သောနေရာများ၊ အဓိကလမ်းမကြီးမဟုတ်ဘဲ ပြေးလမ်း ကောင်းသောနေရာများတွင် အဓိကထားကာ ဆိုင်ကယ်များဖြင့် ပိုက်ဆံအိတ်များကို လုယက်မှုများ မန္တလေးမြို့၌ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိက ပြောသည်။

“ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်၊ ဒါပေမဲ့ ပြည်သူတွေအနေနဲ့လည်း ဂရုစိုက်ဖို့လည်း လိုပါတယ်။ဆိုင်ကယ်စီးရင် ပိုက်ဆံအိတ်ကို ဘေးမှာမလွယ်ဖို့၊ မိန်းကလေးတွေအနေနဲ့လဲ လူပြတ်လတ် တဲ့နေရာ၊ လမ်းတွေမှာ နောက်က လူလိုက်လာရင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ အဖော်တစ်ယောက်ပါ မှ လူပြတ်လတ်တဲ့လမ်းတွေကို သွားသင့်ပါတယ်”ဟု ရဲအရာရှိက ပြောသည်။

ဖမ်းဆီးမှုများပြုလုပ်နေစဉ် ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက မန္တလေးမြို့ ဒေ၀န်းနောက်ရပ်ကွက် ကမ်းနား လမ်းအနောက် ၃၃-၃၄ လမ်းကြားတွင် အမျိုးသမီးတစ်ဦး လက်ဆွဲအိတ်လုယက်မှုတစ်ခု ဖြစ်ခဲ့သေး သည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Mizzima - News in Burmese

Post a Comment

 
Top