မဇ္ဈိမ| သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်
ဖုန်းထဲမှဓာတ်ပုံများ ကွန်ပျူတာသို့ ကြိုးမဲ့ပေးပို့နိုင်သည့် Photo Transfer Application ကို ယခု လက်ရှိ တွင်လူကြိုက်များလျက် ရှိသည်။
ယင်း Application သည် Photo Transfer ဖြစ်ပြီး ၎င်းကို ဖုန်းနှင့်ကွန်ပျူတာတွင် Install ပြုလုပ်ကာ အသုံးပြုရမည် ဖြစ်သည်။
အသုံးပြုပုံမှာ ဖုန်းတွင် Wifi hotspot လွှင့်ပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ပါက ကွန်ပျူတာ၏ Server Software မှ IP နံပါတ်များ ဖော်ပြပေးမည် ဖြစ်သည်။
ထို့နောက် ဖုန်း Application ထဲမှ Manual Connect ကို နှိပ်ပြီး Server Software မှ ဖော်ပြထားသည့် IP နံပါတ်များရိုက်ထည့်ပေးခြင်းဖြင့် ဖုန်းထဲရှိပုံများကို ကွန်ပျူတာတွင်းသို့ လက်ဖြင့်တွန်းလိုက်ရုံဖြင့် ပေးပို့နိုင် မည်ဖြစ်သည်။
ထို့ပြင် ၎င်း Application သည် အသံဖြင့်လည်း ပေးပို့နိုင်ပြီး ဖုန်း Mic နား၌ လက်ခုပ်တီးခြင်း၊ သို့မဟုတ် လေချွန်ခြင်းဖြင့်လည်းကောင်း အလိုအလျောက် ပေးပို့သွားမည်ဖြစ်သည်။ ကွန်ပျူတာတွင်းသို့ ရောက် သွားသည့် ဓာတ်ပုံများကို အကြီးချဲ့ခြင်း၊ ချုံ့ခြင်းများ ဖုန်းမှနေ၍ လုပ်ဆောင်နိုင်ဦးမည် ဖြစ်သည်။
Cool Photo Transfer Software ကိုAndroid Version 2.2 နှင့် အထက်ရှိသော ဖုန်းများတွင် အသုံးပြု နိုင်ကြောင်း သိရသည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Mizzima - News in Burmese

Post a Comment