0


ကိုတိုးကြီး| တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ်

မြစ်ရေကျဆင်းသည့် အချိန်တွင် ရေကြောင်းအပြောင်းအလဲများဖြစ်ပေါ်လာသည့်အတွက် ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ ခုတ်မောင်းသွားလာရန် ခက်ခဲလာပြီး စက်တပ်သမ္ဗန်တစ်စင်းနှင့် ကုန်တင်အမြန်ရေယာဉ်တစ်စင်း ဒီဇင်ဘာ ၁ ရက်က တိမ်းမှောက်ရာတွင် တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးလျှက်ရှိနေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေယာဉ်ကြီးကြပ်ရေးရုံးအဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။

ပထမဖြစ်စဉ်တစ်ခုမှာ ဒီဇင်ဘာ ၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲက မုံရွာမြို့ အလုံရွှေသိမ်တော် စေတီ ဆိပ်ကမ်းအနီးတွင် ခရီးသည်လေးဦး စီးနင်းလိုက်ပါလာသည့် စက်တပ်ရေယာဉ် တိမ်းမှောက်နစ်မြုပ်ခဲ့ ခြင်းဖြစ်သည်ဟု အလုံနယ်မြေရဲစခန်းမှ အတည်ပြုသည်။

ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်လေးဦးတွင် ရေယာဉ်မောင်း ကိုမျိုးအေးမှာ ပျောက်ဆုံးလျက်ရှိပြီး အသက်ရှင်လျက်နှင့် ပြန်လည်တွေ့ရှိနိုင်ရန် မျှော်လင့်ချက်အလွန် နည်ပါးနေသည်ဟုလည်း အလုံရပ်ကွက်အုပ်ချုပ်ရေးမှူးက မဇ္ဈိမကို ပြောသည်။

ဒုတိယဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းအချိန်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့အနီး ကျောက်တန်းနေရာ၌ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီ အချိန်ခန့်မှ တိုင်းဒေသကြီး ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က သိရှိခဲ့ရခြင်းဖြစ်သည်။

ရေလမ်းခရီးဖြစ်သည့်အတွက် သက်ဆိုင်ရာမှ အစောတလျင်သွားရောက်၍ သတင်းအတည်ပြုချက် ရယူနိုင်ရန် မဖြစ်သေးသည့်အတွက် ယခုအချိန်ထိတိုင်အောင် သက်ဆိုင်ရာမှ သတင်းတက်ရောက်မလာသေးကြောင်း တိုင်းဒေသကြီး အစိုးရရုံး တာဝန်ကျဝန်ထမ်းတစ်ဦးမှ တုန့်ပြန်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ချင်းတွင်းမြစ်ကြောင်း၌ ရေယာဉ်တိမ်းမှောက် နစ်မြုပ်ခဲ့ရသည့် ဖြစ်စဉ်ပေါင်း ၁၂ ကြိမ်ခန့်ရှိသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top